နယူးယောက်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် အောက်တိုဘာ ၁၉ ရက်ထိ COVID-19 ကြောင့် သေဆုံးသူ ၂၂၀,၀၀၀ ဦး ကျော်လွန်လာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန (CSSE) အဆိုအရ သိရသည်။
ဆန်ဖရန်စစ္စကို ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းရှိ အမေရိကန်နိုင်ငံ အလက်စကာကျွန်းဆွယ်ကမ်းလွန်တွင် အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းက ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် အလက်စကာကမ်းရိုးတမ်းတစ်လျှောက်တွင် ဆူနာမီသတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက တစ်ကမ္ဘာလုံးတွင် ကြိမ်ဖန်များစွာ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ရုရှားစစ်ထောက်လှမ်းရေးအရာရှိ ၆ ဦးကို စွဲချက်တင်လိုက်ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) အထွေထွေရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အောက်တိုဘာ ၁၉ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအရ ပြီးခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၁၈၀ ဦး တွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၄၉၂ ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် အပါအဝင် ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ရာတွင် “မည်သူမျှ မကျန်ရစ်စေရ” ဆိုသည့်မူကို လက်ကိုင်ပြု၍ ဆောင်ရွက်နေကြောင်း UEHRD ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် နှစ်ရက်အတွင်း ကျပ် သိန်း ၃,၀၀၀ကျော် တန်ဖိုးရှိ တရားမဝင်သစ် တန် ၁,၁၄၀ ကျော်ဖမ်းမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) COVID-19 ကာလ ပြည်သူများ ကြုံတွေ့နေရသော ကျန်းမာရေးပြဿနာများကို မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးအကြံပေးမှုများကို လုပ်ဆောင်လျက်ရှိရာ အထွေထွေရောဂါကုဆရာဝန် ၁၅၀ ဦးက စေတနာ့ဝန်ထမ်းအဖြစ် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့နယ်ကို ဆောင်ရွက်ပေးနေကြောင်း အထွေထွေရောဂါကုဆရာဝန်များအဖွဲ့ အထွေထွေအတွင်းရေးမှူး...
ပေကျင်း၊အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ်သည် လူ့ခန္ဓာကိုယ်အရေပြားပေါ်တွင် ၉ နာရီကြာအသက်ရှင်နိုင်ရာ ၎င်းအသက်ရှင်နိုင် သည့်ကြာချိန်မှာ သာမန်တုပ်ကွေးရောဂါပိုး၏ ၅ ဆဖြစ်သည်ဟု ဂျပန် သုတေသီများက တွေ့ရှိခဲ့သည်။