ဝါရှင်တန် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ စကားစစ်ထိုးပွဲကော်မတီက အောက်တိုဘာ ၁၅ ရက်တွင်ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် သမ္မတရွေးကောက်ခံကိုယ်စားလှယ်လောင်း ဒုတိယအကြိမ် စကားစစ်ထိုးပွဲအားပယ်ဖျက်လိုက်ပြီး ကော်မတီအနေဖြင့် ယခုလ ၂၂ ရက်တွင်ကျင်းပပြုလုပ်မည့် နောက်ဆုံးအကြိမ်စကားစစ်ထိုးပွဲအပေါ် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ သည် အောက်တိုဘာ ၉ ရက် ညပိုင်း (ပေကျင်းစံတော်ချိန်) က လမ်းကြောင်းပြောင်းတည့်မတ်ခြင်း အောင်မြင်စွာပြီးစီးသွားပြီဖြစ်ကြောင်း တရုတ် အမျိုးသားအာကာသ စီမံခန့်ခွဲမှုဦးစီးဌာန (CNSA) ထံမှ သိရသည်။
လန်ဒန် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက COVID-19 ရောဂါကြောင့် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခဲ့သည့် ကုမ္ပဏီများနှင့် ၎င်းတို့၏ဝန်ထမ်းများအား ကူညီထောက်ပံ့မှုပြုလုပ်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက် ၌ ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) COVID-19 ရောဂါကူးစက်နေသူ Coronavirus Disease 2019 များသည်ဟုဆိုကာ သတ်မှတ်ထားသည့် Stay at Home မြို့နယ်များတွင် အသက် ၆၀ ကျော်များ ကြိုတင်မဲပေးနိုင်မည့် အစီအစဉ်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တင်ပြထားကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ကောင်းကျိုးနှစ်ခုရှိကြောင်း COVID-19...
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ တွင် COVID-19 အတည်ပြုလူနာသစ် (၁,၄၆၁) ဦးအားတွေ့ရှိခဲ့ပြီး (၃၁) ဦးထပ်မံသေဆုံးခဲ့ကြောင်း၊ ယနေ့အထိ အတည်ပြုလူနာစုစုပေါင်း ၂၃,၉၀၆ ဦး နှင့် သေဆုံးသူ စုစုပေါင်း (၅၆၆) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏...
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်း၍ အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် မြန်မာ့ရုပ်ရှင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အွန်လိုင်းရုပ်ရှင်ပွဲတော်ကို အောက်တိုဘာ ၈ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင် က ဆင်ဟွာသို့...
ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံသည် ကာကွယ်ဆေးမိတ်ဖက်ဖြစ်သော Gavi နှင့် အောက်တိုဘာ ၈ ရက်က သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး COVAX နှင့် တရားဝင်ပူးပေါင်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က အောက်တိုဘာ ၉ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)အောက်တိုဘာလထဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် နေ့စဉ်အမေရိကန်ဒေါ်လာ ဝယ်ယူမှုများရှိနေသော်လည်း ဒေါ်လာဈေးမှာ ရက်ပိုင်းအတွင်း ၁၀ ကျပ်ခန့် ကျဆင်းခဲ့ကာ ဘဏ်များ၊ငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာပြန်လည်ဝယ်ယူသည့်ဈေးသည် တစ်ဒေါ်လာလျှင်၁၂၉၅ကျပ်အထိ ကျဆင်းလာကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ကျောက်မျက်အချောထည် ပူးပေါင်းစစ်ဆေးရေးစခန်း One Stop Service (OSS) လုပ်ငန်းစဉ်များအား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၄ ရက်အထိ ယာယီရပ်နားရန်ညွှန်ကြားထားကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာဦးသက်ခိုင်က ဆင်ဟွာသို့ အောက်တိုဘာ ၉ ရက်တွင်ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) မြန်မာတစ်နိုင်ငံလုံး အနယ်နယ်အရပ်ရပ်သို့ စာပို့ခြင်း၊ ပါဆယ်များပို့ခြင်းများအပါအဝင် မြန်မာ့စာတိုက်လုပ်ငန်း ၏ ဝန်ဆောင်မှုများသည် COVID-19 ကာလတွင် ပုံမှန်အတိုင်းဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ သို့သော် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် ပုံမှန်ထက်နောက်ကျနိုင်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင် က ဆင်ဟွာသို့ အောက်တိုဘာ ၉...