ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) COVID-19 ရောဂါဖြစ်ပွားသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ဖျားနာကုအခမဲ့ဆေးခန်း (Community Fever Clinic) များ နှင့် တွဲဖက်၍ Isolation Center များစတင်ဖွင့်လှစ်လျက်ရှိပြီး ဆက်လက်ဖွင့်လှစ်သွားရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း Community Fever Clinic Network မှ...
ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ (Tianwen-1) ၏ ပျံသန်းနေစဉ်အတွင်း ဓာတ်ပုံများကို တရုတ်နိုင်ငံ အမျိုးသားနေ့နှင့် ဆောင်းဦးရာသီပွဲတော်တို့ တစ်ပြိုင်နက်ကျရောက်သော အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဒီမိုကရက်တစ်ပါတီ သမ္မတကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒန် က အောက်တိုဘာ ၂ ရက် ၌ လူမှုကွန်ယက်စာမျက်နှာတွင် မိမိ နှင့် ဇနီး တို့က COVID-19 ရောဂါ စစ်ဆေးရာတွင် ကူးစက်ခံရမှုမရှိကြောင်း ရေးသားဖော်ပြခဲ့သည်။
နေပြည်တော်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ်အတွင်း ရေဘေးရှောင်အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ခြင်း၊ အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ခြင်း၊ သေဆုံးသူ၊ဒဏ်ရာရသူများအတွက် ထောက်ပံ့ကြေးများ ပေးခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့အပြင် ကိုဗစ်ကာလဖြစ်သည့်အတွက် ကျန်းမာရေး နှာခေါင်းစည်း၊ ဆပ်ပြာများ၊ ခေါက်ဆွဲခြောက်များ အစရှိသည်များကို ထောက်ပံ့ပေးခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်...
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရှိ ပဲခူးရိုးမအတွင်း ၌ ရှိသော မြောက်ဇာမရီဘေးမဲ့တောတွင် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး သင်တန်းကျောင်းကို ၂၀၂၁ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန်စီစဉ်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောကဏ္ဍ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဇောက...
ဘာလင်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ကာကွယ်ဆေးနှင့် ဇီဝဆေးပညာဗဟိုအဖွဲ့ Paul-Ehrlich-Institut (PEI) သည် COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု အဆင့်-၃ ကို အောက်တိုဘာ ၂ ရက်က ခွင့်ပြုခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် COVID-19 ရောဂါကူးစက်ခံရပြီးနောက် စစ်ဆေးရုံတွင် ဆေးကုသမှုများ နောက်ထပ်ရက်အနည်းငယ် ဆက်လက်ခံယူမည်ဖြစ်ကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အောက်တိုဘာ ၁ ရက်တွင် တင်ပြသည့် အဆိုပြုချက်များသည် ကျား၊မတန်းတူညီမျှမှု မြှင့်တင်ရေးနှင့် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့်ကြားမှ အမျိုးသမီးအရေး ဘက်စုံဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးများဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်ကို ခိုင်မာစေမည်ဖြစ်ကြောင်း ကမ္ဘာအနှံ့ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ တွင် COVID-19 အတည်ပြုလူနာသစ် ( ၁၁၄၂) ဦး အားစံချိန်တင်တွေ့ရှိခဲ့ပြီး (၃၂) ဦးထပ်မံသေဆုံးခဲ့ကြောင်း၊ ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၃၅၃) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က အောက်တိုဘာ ၂...
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၃,၃၀ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားအကြေများနှင့် စိတ်ကြွရူးသွပ်ဆေးမှုန့်များ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ(CCDAC Myanmar)က ယနေ့ (အောက်တိုဘာ၂ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။