ဘန်ကောက် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) Nakhon Pathom ပြည်နယ်ရှိ သားသတ်ရုံတစ်ခုမှ စုဆောင်းရယူထားသည့် မြေပြင်ဓာတ်ခွဲနမူနာတစ်ခုတွင် အာဖရိကဝက်အပြင်းဖျားရောဂါကူးစက်မှုအား တွေ့ရှိရကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့ပြီး ယင်းမှာ နိုင်ငံအတွင်း ပထမဆုံး တိရစ္ဆာန်ရောဂါဖြစ်ပွားမှု ဖြစ်ကြောင်း ထိုင်းနိုင်ငံက ပြောကြားခဲ့သည်။
ကိုပင်ဟေဂင် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge က အိုမီခရွန်မျိုးဗီဇပြောင်းဗိုင်းရပ်စ်သည် “ အားကြီးသော ဒီလှိုင်း”ကဲ့သို့ ဥရောပတိုက်တွင် အရှိန်အဟုန်ပြင်းထန်စွာဖြင့် ကူးစက်ပြန့်နှံ့လာနေကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် သတိပေး ပြောကြားလိုက်သည်။
ဂျီနီဗာ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်-ရုရှား မဟာဗျူဟာ တည်ငြိမ်ရေး တစ်ရက်ကြာ အသစ်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဇန်နဝါရီ ၁၀ ရက်က ကျင်းပခဲ့သည်။ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkovနှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Wendy Sherman တို့က နှစ်နိုင်ငံ...
ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများနှင့် မသေချာမှုရှိနေသော်ငြားလည်း အားကောင်းသော စီးပွားရေး ကြံ့ကြံ့ခံနိုင်ခြင်းနှင့်အတူ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူရေးအတွက် မျှော်လင့်ချက်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
ဆိုးလ် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ၌ ဂျက်တိုက်လေယာဉ်တစ်စင်းပျက်ကျမှုတွင် လေယာဉ်မှူးအား အသက်သေဆုံးလျက် ရှာဖွေတွေ့ရှိကြောင်း Yonhap သတင်းဌာနက ယနေ့ ဇန်နဝါရီ ၁၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။
နန်နင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ (Wang Yi) သည် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး မင်းသား Faisal bin Farhan Al Saud နှင့် ၂၀၂၂ ခုနှစ်၊ ဇန်ဝါရီ ၁၀ ရက်တွင် တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆူးပြည်နယ်၊ Wuxi...
ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) လစ်သူယေးနီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံကို ဆန့်ကျင်သောအင်အားစုများ၏ လက်ကိုင်တုတ်အဖြစ် မပြုမူရန်နှင့် အမေရိကန်နိုင်ငံအနေဖြင့်လည်း “ထိုင်ဝမ်ကတ်” ဖြင့် ကစားခြင်းကို ရပ်တန့်ရန် တရုတ်နိုင်ငံက တောင်းဆိုလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ဇန်နဝါရီ၁၀ရက်၌ ပြောကြားခဲ့သည်။
ဂျလာလာဘတ် ၊ အာဖဂန်နစ္စတန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ် Lal Pur ခရိုင်၌ ဇန်နဝါရီ ၁၀ ရက်တွင် စာသင်ကျောင်းတစ်ကျောင်း၏ ပြင်ပ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ ကျောင်းသား ၄ ဦး သေဆုံးကာ အခြားသူ ၁၀...
ဂျီနီဗာ ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နှင့် ရုရှားနိုင်ငံအကြား လုံခြုံရေးဆွေးနွေးပွဲအသစ်တစ်ခုသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းက မည်သည့် သံတမန်ရေးရာ သဘောတူညီမှု ရလဒ်တစ်စုံတစ်ရာ မရဘဲ ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက ပေးအပ်လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်းအား မြန်မာနိုင်ငံရှိ မြန်မာ-တရုတ် နယ်စပ်မြို့(၅)မြို့သို့ ဇန်နဝါရီ ၁၂ ရက်တွင် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။