ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီး ငါးရက်အကြာတွင် သေဆုံးသူ ၃,၀၀၃ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရသူ ၄,၅၁၅ ဦးနှင့် ပျောက်ဆုံးသူ ၃၅၁ ဦးအထိ ရှိလာပြီဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (ဧပြီ ၂ ရက်)...
အင်းဝ၊ ဧပြီ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အင်းဝမြို့ တွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ဒဏ်ခံခဲ့ရပြီးနောက် မြင်ကွင်းများကို ဧပြီ ၂ ရက်က ရိုက်ကူးထားခြင်းဖြစ်ပါသည်။ (Xinhua)
— ဘရာဇီးအသင်းအတွက် ဂွါဒီယိုလာအား ခေါ်ယူရန် ရော်နယ်ဒို တိုက်တွန်း လစ်လပ်နေသော ဘရာဇီးလက်ရွေးစင်အသင်း နည်းပြရာထူးအတွက် မန်ချက်စတာစီးတီးအသင်း နည်းပြဖြစ်သူ ပက်ပ်ဂွါဒီယိုလာအား ခန့်အပ်နိုင်ရေးအတွက် ကြိုးပမ်းသွားရန် ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုက ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) အား တိုက်တွန်းခဲ့သည်။ ဂွါဒီယိုလာက ဘရာဇီးလက်ရွေးစင်အသင်းနှင့် အဆက်အသွယ် ရှိနေသည်ဆိုသော မှန်းဆချက်များကို အကြိမ်ကြိမ်ပယ်ချထားသလို...
ပေကျင်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ သက်ဆိုင်ရာ ဘက်အသီးသီးက တရုတ်နိုင်ငံ အပါအဝင် နိုင်ငံအသီးသီးမှ ငလျင် ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် အထောက်အပံ့ပစ္စည်းများ၏ ဘေးကင်းလုံခြုံမှုအား အာမခံပေးရန် တရုတ်နိုင်ငံအနေဖြင့် လေးလေးနက်နက် တိုက်တွန်းကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။...
ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးတွင် ငလျင်ကြောင့် တည်းခိုခန်းပြိုကျပျက်စီးပြီး အချိန် ၁၂၂ နာရီကြာ ပိတ်မိနေသောအမျိုးသားတစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ယနေ့ (ဧပြီ ၂ ရက်) ထုတ်ပြန်သော သတင်းအရ သိသည်။ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနသည်...
ပေကျင်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နည်းပညာဆိုင်ရာနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဆန်းသစ်တီထွင်ရာတွင် စုပေါင်းအောင်မြင်မှုများ မြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် နည်းပညာအခြေပြု ငွေကြေးဝန်ဆောင်မှုများ ပိုမိုအားကောင်းစေရန် အစီအစဉ်တစ်ရပ်ကို ထုတ်ဖော်ကြေညာခဲ့သည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်တို့က ပူးတွဲထုတ်ပြန်လိုက်သော အဆိုပါ အစီအစဉ်သည် ဝန်ဆောင်မှုယန္တရားထူထောင်မှု၊...
ပေကျင်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ) မကြာမီကျရောက်တော့မည့် ချင်းမင်ပွဲတော် အခါသမယတွင် တရုတ်နိုင်ငံ ဒေသအသီးသီး၌ ဘိုးဘွားများနှင့် အာဇာနည်များအား အောက်မေ့ဖွယ် အထိမ်းအမှတ်အနေဖြင့် ဦးညွှတ်ဂါရဝပြုသည့် အခမ်းအနားများ ကျင်းပလျက်ရှိပေသည်။ (Xinhua) —————————– (Chinese Version) 清明祭扫缅怀革命先烈 新华社照片,北京,2025年4月1日 清明节将至,各地举行祭扫活动,缅怀先辈,寄托哀思。 图说1:4月1日,在位于石家庄市的华北军区烈士陵园,学生在烈士纪念碑前敬礼。新华社发(闫志国摄) 图说2:4月1日,在位于石家庄市的华北军区烈士陵园,学生为革命英烈敬献鲜花。新华社发(张晓峰摄)...
ကွာလာလမ်ပူ၊ ဧပြီ ၂ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် Puchong ခရိုင်တွင် ဂက်စ်ပိုက်လိုင်းပေါက်ကွဲမှုကြောင့် ဖြစ်ပွားသည့် မီးလောင်မှုကို ဧပြီ ၁ ရက် ညနေပိုင်း၌ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကြောင့် လူ ၁၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မတော်တဆဖြစ်ရသည့် အကြောင်းရင်းအား တစ်ဆင့်တိုးစစ်ဆေးရှာဖွေလျက်ရှိကြောင်း...
ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ပြင်းအား ၇.၉ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ငါးရက်အကြာ ဧပြီ ၂ ရက်က မြန်မာနိုင်ငံ နေပြည်တော်ကောင်စီနယ်မြေရှိ ပြိုကျသွားသော ဟိုတယ်အဆောက်အအုံ၏ အပျက်အစီးများကြားမှ အသက် ၂၆ နှစ်အရွယ် ဟိုတယ်ဝန်ထမ်းတစ်ဦးအား ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ...
ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) ငလျင်သတင်းများကို သတင်းရေးသားဖော်ပြရာတွင် ငလျင်ဒဏ်သင့် ကယ်ဆယ်ရေး နေရာသည် သတင်းထောက်များ အလုအယက် ရောက်ရှိအောင် ကြိုးပမ်းရသည့် နေရာဖြစ်သည်။ ယခုရက်ပိုင်းများတွင် မြန်မာနိုင်ငံ ငလျင်သတင်းများကို ဖော်ပြရာ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည်လည်း ကျွန်တော့်၏ လုပ်ဖော်ကိုင်ဖက်များ နေ့စဉ် သွားလာ၍ အင်တာဗျူးမေးမြန်းရသည့် နေရာဖြစ်လာခဲ့သည်။...