ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒီဇင်ဘာ ၁၆ ရက်ညနေပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ကျုံးနန်ဟိုင် ရင်ထိုင်ခန်းမ၌ ပေကျင်းမြို့သို့လာရောက်၍ လုပ်ငန်းအစီရင်ခံတင်ပြသည့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး လီကျားချောင်းအား တွေ့ဆုံခဲ့ပြီး ၎င်းက ဟောင်ကောင်ဒေသ၏ လက်ရှိအခြေအနေနှင့် အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ လုပ်ငန်းအခြေအနေနှင့်စပ်လျဉ်း၍...
ဟားအယ်ပင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဒီဇင်ဘာလ စတင်သည့်အချိန်မှစ၍ တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့သည် ဆောင်းရာသီ ခရီးသွားကာလသို့ ဝင်ရောက်ခဲ့ရာ ဗဟိုလမ်းမကြီးထက်တွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။
ရီယိုဒီဂျနေးရိုး၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ချဲလ်ဆီးနှင့် ပီအက်စ်ဂျီ နောက်ခံလူဟောင်း သီယာဂို ဆေးလ်ဗားအနေဖြင့် ဖလူမင်နိစ်အသင်းမှ ထွက်ခွာကာ ဥရောပတွင် ဘောလုံးဆက်ကစားနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ဘရာဇီးမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် တရုတ်-ရုရှား မီဒီယာဖိုရမ်၌ မီဒီယာပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု အားပေးခြင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ စီးပွားရေးမှာ နိုဝင်ဘာလတွင် တည်ငြိမ်သော အရှိန်အဟုန်ကို ဆက်လက်ထိန်းထားနိုင်ခဲ့ကာ တစ်နှစ်တာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လျာထားချက် ပြည့်မီစေမည့် သင့်လျော်ကောင်းမွန်သော အခြေအနေများကို ဖန်တီးပေးခဲ့သည်ဟု ဒီဇင်ဘာ ၁၅ ရက်၌ အသစ်ထုတ်ပြန်သည့် စီးပွားရေးညွှန်းကိန်းများအရ သိရသည်။
အန္တာတိကတိုက်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate) သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိသော စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်) ၏ ဈေးနှုန်း (၅,၉၉၀,၀၀၀) ကျပ် (ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ) ဖော်ပြပါ အချက်အလက်များသည် (၁၇.၁၂.၂၀၂၅) တွင် ဓာတ်သတ္တု (ရွှေ)...
ဘာလင်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဆီးချိုရောဂါ ကနဦးကာလ လူအုပ်စုအနေဖြင့် နေထိုင်မှုပုံစံကို ပြောင်းလဲခြင်းမှတစ်ဆင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန်အနေအထားပြန်ရောက်အောင် ဆောင်ရွက်ခြင်းက ၎င်းတို့အတွက် နှလုံးသွေးကြောပိတ်ခြင်း၊ နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းနှင့် အရွယ်မတိုင်မီသေဆုံးခြင်း ဟူသော အန္တရာယ်များကို ထက်ဝက်ခန့် လျှော့ချနိုင်ကြောင်း နောက်ဆုံးပေါ် နိုင်ငံတကာ သုတေသနတစ်ရပ်တွင် တွေ့ရှိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဌာနသည် အမေရိကန် မူးယစ်ဆေးဝါးထိန်းချုပ်မှု ကြီးကြပ်ရေးဌာန (DEA) ၏ သတင်းအချက်အလက်ပေးပို့မှုအရ နိုဝင်ဘာ ၂၆ ရက်တွင် တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ယန်ထျန်ဆိပ်ကမ်း၏ သံသယရှိဖွယ် နိုင်ငံတကာကွန်တိန်နာသေတ္တာတစ်ခုအတွင်း၌ ကိုကင်း ၄၃၀ ကီလိုဂရမ်အား အောင်မြင်စွာ...
ကိဗ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ၏ စစ်ဘက်တန်ပြန်ထောက်လှမ်းရေးနှင့် ရေတပ်တပ်ဖွဲ့များသည် ပင်လယ်နက်ဆိပ်ကမ်း Novorossiysk ၌ ပူးတွဲစစ်ဆင်ရေးတစ်ခုအတွင်း ရုရှားနိုင်ငံ၏ ရေငုပ်သင်္ဘောတစ်စင်းကို ထိမှန်နိုင်ခဲ့ပြီး ပြင်းထန်စွာ ပျက်စီးစေခဲ့ကြောင်း ယူကရိန်းလုံခြုံရေးဌာန (SBU) က ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။