ကုလသမဂ္ဂ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစည်းအဝေးတွင် တရုတ်နိုင်ငံက ကုလသမဂ္ဂအနေဖြင့် အရင်းအမြစ်များ ခွဲဝေပေးရေးကို အလေးထားရန်၊ အထူးသဖြင့် ရန်ပုံငွေ ဆိုးရွားစွာ မလုံလောက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ကာလရှည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို အာရုံစိုက်ဆောင်ရွက်ရန်၊...
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) နိုင်ငံတကာ စိုက်ပျိုး မွေးမြူရေး၊ စွမ်းအင် ၊ စားသောက်ကုန်၊ စားသောက်ဆိုင်နှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ ပြပွဲ ကို ဇွန် ၂၈ ရက်၌ မြန်မာနိုင်ငံ ရန်ကုန်မြို့ Yangon Convention Centre တွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။...
ဟွမ်ဆန်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ကဏ္ဍစုံမှ ဝန်ထမ်းများသည် ကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းကို စုစည်းဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံ အမျိုးသားမိုးလေဝသဌာနက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးသက်မုန်တိုင်းများအတွက် ဇွန် ၂၇ ရက်က ပြင်ဆင်သတ်မှတ်ခဲ့သော လိမ္မော်ရောင်သတိပေးချက်များက အန်းဟွေးပြည်နယ် အပါအဝင်...
နယူးဒေလီ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဒေလီမြို့တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆောက်လက်စအဆောက်အအုံ နံရံပြိုကျပြီးနောက် လူ ၃ ဦးသေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများက ဆင်ဟွာကို တယ်လီဖုန်းမှတစ်ဆင့် အတည်ပြုပြောကြားခဲ့သည်။ သေဆုံးသူများအားလုံးသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသူများဖြစ်ကြသည်။ အဆိုပါ ပိတ်မိသောနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ “ဒီနေ့မနက်က မိုးသည်းသည်းမည်းမည်းရွာပြီး...
ဗီယင်ကျန်း ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး အမျိုးသားမဟာဗျူဟာတစ်ရပ်ကို လာအိုနိုင်ငံ သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနက ချမှတ်ခဲ့ကြောင်း သိရသည်။ ယင်းမဟာဗျူဟာကို ၂၀၃၀ ပြည့်နှစ်အထိ ရည်ရွယ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းမဟာဗျူဟာအား နိုင်ငံသားများသို့ အသိပေးခြင်းကို မြို့တော်ဗီယင်ကျန်း၌ ဇွန် ၂၆ ရက်က ပြုလုပ်ခဲ့ကြောင်း...
တီဟီရန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ သမ္မတ အီဘရာဟင်ရိုင်စင် ယခင်က ရဟတ်ယာဉ်ပျက်ကျကာ ကွယ်လွန်ခဲ့ပြီးနောက် ၁၄ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းကို ဇွန် ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီက စတင်ခဲ့သည်။ အီရန်နိုင်ငံ၏ ၁၄ ကြိမ်မြောက်...
ရှန်ဟိုင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ SAIC Motor နှင့် ဂျာမနီနိုင်ငံ Volkswagen Group တို့သည် စွမ်းအင်နည်းပညာပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များစွာကို ဇွန် ၂၇ ရက်က လက်မှတ်ရေးထိုးလိုက်ခြင်းဖြင့် တရုတ်နိုင်ငံ၏ စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် (NEV) ဈေးကွက်၌ ၎င်းတို့၏တည်ရှိမှုကို ထပ်မံတိုးချဲ့မည်ဖြစ်ကြောင်း သိရသည်။...
ဗီယင်ကျန်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) လာအိုပညာရေးနှင့် အားကစားဝန်ကြီးဌာနက မသန်စွမ်းကလေးများ ပိုမိုကောင်းမွန်သော သင်ကြားရေးရလဒ်များ ရရှိစေရန်အတွက် သင်ကြားရေးနည်းလမ်းများ အဆင့်မြှင့်တင်ရန် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကျင်းပခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၂၃ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း လာအိုပညာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ဇွန်...
ကဘူးလ်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း ဘာမီယန်ပြည်နယ်တွင် ဇွန် ၂၆ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူခုနစ်ဦးသေဆုံးကာ ၁၀ ဦး ပျောက်ဆုံးနေကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဆင်းဟာနီကပြောကြားသည်။ ယာကော်လန်ခရိုင်ရှိ နေရာအများအပြား၌ ရေကြီးရေလျှံမှုများဖြစ်ပွားရာ ကယ်ဆယ်ရေးလုပ်သားများက သေဆုံးသူများ၏...
ပေကျင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ Chang’e-6 မစ်ရှင်က လကမ္ဘာတစ်ဖက်ခြမ်းမှ နမူနာပစ္စည်း ၁,၉၃၅.၃ ဂရမ် စုဆောင်းနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဌာနက ဇွန် ၂၈ ရက်၌ ကြေညာခဲ့သည်။ ပေကျင်းမြို့၌ အခမ်းအနားဖြင့် အဆိုပါ နမူနာပစ္စည်းများကို တရုတ်နိုင်ငံ သုတေသနအဖွဲ့ထံ...