နိုင်ရိုဘီ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံ၌ စားရေရိက္ခာအကူအညီလိုအပ်သူ ၁ ဒသမ ၉ သန်းခန့်ရှိကြောင်းနှင့် ဇွန်လနှင့် ဩဂုတ်လအတွင်း စားရေရိက္ခာမလုံလောက်မှုအခြေအနေမှာ ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း အမျိုးသားမိုးခေါင်ရေရှားမှုစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ဇွန် ၁၈ ရက်နေ့တွင်ပြောသည်။ စားရေရိက္ခာမလုံလောက်မှုအခြေအနေမှာ မိုးနည်းရေရှားအရပ်ဒေသများ၌ ဇွန်-ဇူလိုင်-ဩဂုတ်လများအတွင်း ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း အဆိုပါ အာဏာပိုင်အဖွဲ့ကပြောသည်။...
ဘရပ်ဆဲလ်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာသည် ဘယ်လ်ဂျီယံနိုင်ငံ Belga သတင်းအေဂျင်စီ အမှုဆောင်အရာရှိချုပ် Patrick Lacroix နှင့် အေဂျင်စီနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန် ဘရပ်ဆဲလ်မြို့တွင် ဇွန် ၁၈ ရက်က နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။...
တူနီးရှား၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ ဟာ့ဂ်ျဘုရားဖူးဝတ်ပြုပွဲကာလတွင် တူနီးရှားနိုင်ငံသား ၃၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တူနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယခုနှစ် ဟာ့ဂ်ျဘုရားဖူးဝတ်ပြုပွဲကာလသည် မက္ကာမြို့၌ အပူချိန် သိသိသာသာ မြင့်တက်ချိန်နှင့် ကြုံကြိုက်ရာ နိုင်ငံပေါင်းစုံမှ ဘုရားဖူး အများအပြားအနေဖြင့်...
ဆိုးလ်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ရုရှား သမ္မတ ပူတင်သည် ပြုံယမ်းမြို့သို့ ရောက်ရှိပြီး မြောက်ကိုရီးယားနိုင်ငံ နိုင်ငံတော်ခရီးစဉ် စတင်လိုက်ပြီဖြစ်ကြောင်း မြောက်ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA)က ဇွန် ၁၉ ရက်တွင် ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းသည်...
ရှန်ဟိုင်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရှန်ဟိုင်း ဒေသတွင်း စင်တာကို ဇွန် ၁၉ ရက်တွင် တရားဝင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ရှန်ဟိုင်း ဒေသတွင်း စင်တာသည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၏ ကမ္ဘာတစ်ဝန်းတွင် ဖွင့်လှစ်သော ဒေသတွင်း...
ကုလသမဂ္ဂ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) မော်ဗီးနပ်စ် (Malvinas) ကျွန်းစု အချုပ်အခြာအာဏာအပေါ် အာဂျင်တီးနား၏ တရားဝင်တောင်းဆိုမှုကို တရုတ်နိုင်ငံက အခိုင်အမာ ထောက်ခံကြောင်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို အမြဲတမ်း လက်ကိုင်ထားပြီး နိုင်ငံအချင်းချင်း နယ်မြေအငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ...
အမ်မန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ ဟာ့ဂ်ျဘုရားဖူးဝတ်ပြုပွဲကာလတွင် အပူလှိုင်းကြောင့် ဂျော်ဒန်နိုင်ငံသား ၄၁ ဦး သေဆုံးခဲ့ကြောင်း ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၈ ရက်၌ ထုတ်ပြန်ခဲ့သည်။ ယခုနှစ် ဟာ့ဂ်ျဘုရားဖူးဝတ်ပြုပွဲကာလတွင် မက္ကာ၌ အပူချိန် ၄၈ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်သည်ဟု ဆော်ဒီအာရေဗျဘက်က ထိုမတိုင်မီ...
တိုရွန်တို၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ၏ အကြီးဆုံးမြို့တော် တိုရွန်တိုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပစ်ခတ်သူအပါအဝင် လူသုံးဦး ဇွန် ၁၆ ရက်က သေဆုံးခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များသသည် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၂၅ မိနစ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းပေးပို့ချက်ရရှိပြီးနောက် ဒွန်မေးလ်ဧရိယာရှိ ရုံးအဆောက်အအုံသို့...
လန်ဒန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာနှင့် ဗြိတိန်နိုင်ငံ PA မီဒီယာဂရု အမှုဆောင်အရာရှိချုပ် Emily Shelley တို့သည် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လန်ဒန်မြို့တွင် ဇွန် ၁၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။...
ဂျေရုဆလမ်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) လက်ဘနွန်အား ထိုးစစ်ဆင်မည့် စစ်ဆင်ရေး အစီအစဉ်ကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဇွန် ၁၈ ရက်တွင် ပြောကြားခဲ့သည်။ အစ္စရေး-လက်ဘနွန် နယ်စပ် တင်းမာသည့်အခြေအနေကို တုံ့ပြန်ရန်အတွက် အစ္စရေး ကာကွယ်ရေးတပ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး Ori Gordin...