လန်ဒန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) နိုဝင်ဘာ ၃၀ ရက် ညပိုင်းက ချဲလ်ဆီးအသင်း၏အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ဂျ်၌ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နှင့် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ကာ အဆိုပါပွဲစဉ်၌ ချဲလ်ဆီးက တစ်ယောက်လျော့ဖြင့် ကစားခဲ့ရခြင်းဖြစ်သည်။ ပွဲချိန် ၃၈ မိနစ်တွင် ချဲလ်ဆီးအသင်းမှ...
ဝါရှင်တန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံသမ္မတ နီကိုလက်စ်မာဒူရိုထံ ဖုန်းခေါ်ဆိုခဲ့သည်ဟု အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၃၀ ရက်တွင် အတည်ပြုခဲ့သော်လည်း ဖုန်းခေါ်ဆိုမှုအသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားရန်ကိုမူငြင်းဆိုခဲ့သည်ဟု နယူးယောက်တိုင်းမ်သတင်းစာ၏ ဖော်ပြမှုအရသိရသည်။ “ဒါနဲ့ပတ်သက်ပြီး ကျွန်တော် မှတ်ချက်ပေးဖို့ဆန္ဒမရှိပါဘူး။ အဖြေကတော့ ဟုတ်တယ်ဆိုတာပါပဲ” ဟု...
မော်စကို၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ရုရှားနယ်စပ်ဒေသ Belgorod တွင် ယူကရိန်းနိုင်ငံ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အရပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက နိုဝင်ဘာ ၃၀ ရက်၌ ထုတ်ပြန်ခဲ့သည်။ Borisovsky ခရိုင်ရှိ Beryozovka ရွာတွင် ဒရုန်းတစ်စင်းက ယာဉ်တစ်စီးကို ထိမှန်ခဲ့ပြီး...
ကိုင်ရို၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် အီဂျစ် “တရုတ်ရုပ်ရှင်သီတင်းပတ်” ကို မကြာမီရက်ပိုင်းက အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ Zamalek ရုပ်ရှင်ရုံတွင် ဖွင့်လှစ်ခဲ့သည်။ တရုတ်နိုင်ငံဧည့်သည်တော်များက “တရုတ်ရုပ်ရှင်သီတင်းပတ်” ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားရာတွင် တရုတ်ရုပ်ရှင်ဈေးကွက်သည် တံခါးဖွင့်လှစ်မှုနှင့် အားလုံးပါဝင်မှုရှိကြောင်း၊ နှစ်ဖက်ရုပ်ရှင်လုပ်ငန်းနယ်ပယ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊...
ကရာကက်စ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ကာရေဘီယံဒေသတွင် အမေရိကန် စစ်ရေးဖြန့်ကြက်မှုတိုးမြှင့်ခြင်းက ဗင်နီဇွဲလားနိုင်ငံအပေါ် ခြိမ်းခြောက်မှုဖြစ်သလို ကမ္ဘာ့စွမ်းအင်ဈေးကွက်တည်ငြိမ်ရေးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း ဗင်နီဇွဲလားသမ္မတ မာဒူရိုက ရေနံတင်ပို့သောနိုင်ငံများအသင်း (OPEC) အထွေထွေအတွင်းရေးမှူးချုပ် Haitham al-Ghais ထံသို့ မကြာမီရက်ပိုင်းတွင် စာလွှာပေးပို့၍ ပြောကြားခဲ့သည်။ ဗင်နီဇွဲလား ဒုတိယသမ္မတနှင့် ရေနံဝန်ကြီးဌာန...
ဟောင်ကောင်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရ၏ ပြည်သူ့ရေးရာနှင့် လူငယ်ရေးရာ အတွင်းဝန် မိုင့်မေကျွမ်းက HKSAR အစိုးရအနေဖြင့် တာ့ဖူမီးဘေးကြောင့် ထိခိုက်ခံစားခဲ့ရသော ဒေသခံ ပြည်သူများအတွက် နေအိမ်များပြန်လည်တည်ဆောက်ပြီးစီးချိန်အထိ အခမဲ့အိမ်ရာများရရှိရန် အာမခံ သည်ဟု နိုဝင်ဘာ ၃၀ ရက်က ပြောကြားခဲ့သည်။...
ချင်းကျိုး (ကွမ်ရှီး)၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်ပိုင်း ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ်ဖြင့် စုစုပေါင်းပို့ဆောင်သည့် ကုန်စည်ပမာဏသည် နိုဝင်ဘာ ၂၉ ရက်အထိ TEU ၅ သန်းကျော်ရှိလာကာ TEU ၅.၀၀၃ သန်း ရှိလာပြီဖြစ်ကြောင်း၊ ၎င်းအနက် ယခုနှစ်အတွင်းပို့ဆောင်မှုသည် TEU ၁.၃ သန်းကျော်ရှိလာပြီး...
ဂျေရုဆလမ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး သိုင်းရွိုက်ဟော်မုန်းမညီမျှမှု ကြုံတွေ့ရသည် အမျိုးသမီးများတွင် မွေးဖွားလာသည့်ကလေးတွင် အော်တစ်ဇင်ရောဂါတွေ့ရှိရမှုအန္တရာယ် မြင့်မားကြောင်း သုတေသီများက ရှာဖွေတွေ့ရှိခဲ့ကြောင်း Ben-Gurion University of the Negev ၏ နိုဝင်ဘာ ၃၀ ရက်က ထုတ်ပြန်ချက် တစ်စောင်တွင် ပြောကြားခဲ့သည်။...
ဝါရှင်တန်/ကိဗ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့် နိုဝင်ဘာ ၃၀ ရက်က လေးနာရီခန့်ကြာ ဆွေးနွေးမှုသည် ယူကရိန်းအကျပ်အတည်းကို အဆုံးသတ်ရန် ပြန်လည်ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအစီအစဉ်တွင် “နောက်ထပ်” တိုးတက်မှုရရှိခဲ့ကြောင်း၊ သို့သော်လည်း “လုပ်ဆောင်ရန် အလုပ်များစွာရှိ” ကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာကို...
ဂျကာတာ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းပေါ်ရှိ ပြည်နယ်သုံးခုတွင် မကြာသေးခင်ကဖြစ်ပွားခဲ့သည့် ရေကြီးမှုများ နှင့်မြေပြိုမှုများကြောင့် သေဆုံးခဲ့ရသူအရေအတွက် ၄၄၂ ဦးအထိမြင့်တက်လာခဲ့ကြောင်း အင်ဒိုနီးရှား ဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ (BNPB) ၏ နိုဝင်ဘာ ၃၀ ရက်က ပြောကြားမှုအရ သိရသည်။ BNPB အကြီးအကဲဖြစ်သူ ဆူဟာယန်တို၏...