ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) မြန်မာတစ်နိုင်ငံလုံးအနေဖြင့်၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ အောင်ချက်ရာခိုင်နှုန်းသည် ၅၈ ရာခိုင်နှုန်း နီးပါးရှိကြောင်း ပညာရေးဝန်ကြီးဌာနက ယနေ့(ဇွန် ၁၁ ရက်) ထုတ်ပြန်သော စာရင်းများအရ သိရသည်။
ကိုင်ရို၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နှင့် အစ္စရေးအား ထောက်ခံအားပေးသည့် “သူလျှိုကွန်ရက်” တစ်ခုကို ဖော်ထုတ်ပြီး ယင်းကွန်ရက်က အဖွဲ့ဝင်များကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့ က ဇွန် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ညီးရှ်နီး နော့ဗ်ဂေါရတ်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ရုရှားနိုင်ငံ ညီးရှ်နီး နော့ဗ်ဂေါရတ်မြို့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် ဇွန် ၁၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ထိန်းသိမ်းရန်လိုအပ်သည့် အဆောက်အအုံ ၃၉ လုံးကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ် ထိန်းသိမ်းမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ICE (မက်သ်ဖက်တမင်း) ကီလိုဂရမ် (၄၀) ကီလိုဂရမ်ကိုသိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂၃၀၄ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) =၄,၆၈၂,၉၈၁ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၁၁.၆.၂၀၂၄) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ (Xinhua) #Myanmar #GoldPrice #မြန်မာ...
ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် ဇွန် ၁၀ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။ ၁။ တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် စန်းရှီးကျေးရွာလေးက တစ်မူထူးခြားသည့် ညနဂါးလှေလှော်ပြိုင်ပွဲ ၂။ အိန္ဒိယဝန်ကြီးချုပ်အဖြစ် မိုဒီ ကျမ်းသစ္စာကျိန်ဆို ၃။ လကမ္ဘာတွင်...
ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲကို မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ဆင်ဟွာသို့ ယနေ့(ဇွန် ၁၀ ရက်)တွင် ပြောကြားသည်။ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ...
စီချွမ်း၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ တောင်စောင်းတွင် ၈ ရာစုက ထွင်းထုထားသော လဲ့ဆန်း ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးသည် သဘာဝအလှတရားနေရာ တစ်နေရာဖြစ်သည်။ မင်းကျန်း ၊ ချင်းရီး နှင့် တာ့သု မြစ်သုံးစင်းဆုံရာနေရာကို မျက်နှာမူထားပြီး ဉာဏ်တော်အမြင့် ၇၁...
ဂျေရုဆလမ်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) အစ္စရေး စစ်ပွဲကာလ အစိုးရအဖွဲ့ဝင်နှင့် အဓိက အတိုက်အခံ အမျိုးသား ညီညွတ်ရေးပါတီ ခေါင်းဆောင် Gantz က စစ်ပွဲကာလ အစိုးရအဖွဲ့မှ နုတ်ထွက်ကြောင်း ဇွန် ၉ ရက် ညပိုင်းတွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ကြေညာခဲ့ပြီး လွှတ်တော် ရွေးကောက်ပွဲများ...