ပေကျင်း၊ မတ် ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားပါက မည်သည့်နိုင်ငံကမျှ အနိုင်ရမည်မဟုတ်ဟု မိမိတို့အနေဖြင့်ယုံကြည်ပါကြောင်း၊ မိမိတို့တရုတ်နိုင်ငံအနေဖြင့် လည်း ကုန်သွယ်ရေးစစ်ပွဲမဖြစ်ပွားလိုပါကြောင်း၊ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံနှစ်နိုင်ငံကြား မျှတစွာကူးသန်းရောင်းဝယ်သည့် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများအဖြစ်မြင်တွေ့လိုပါကြောင်း စသဖြင့်ဝန်ကြီးချုပ်လီခဲ့ချန်က မတ်လ ၂ဝ ရက်တွင် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အပြီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌...
ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုနောက်သို့ လိုက်လျှောက်ကာ အင်အားချဲ့ထွင်မှုအား ဘယ်သောအခါမှ လုပ်ဆောင်မည် မဟုတ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၂၀ ရက်တွင် ပြောကြားလိုက်သည်။ တရုတ်နိုင်ငံက အခြား ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ယင်းနိုင်ငံများအား ကူညီထောက်ပံ့ခြင်းကို မဟာဗျူဟာမြောက်...
ပေကျင်း၊ မတ် ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က တရုတ်နိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးကောင်းမွန်စွာလည်ပတ်စေရန်နှင့် စီးပွားရေးကဏ္ဍ တွင် ပိုမိုတိုးတက်ဖွံ့ဖြိုးတက်စေမည့် ဥပဒေများကိုပြဋ္ဌာန်းကာ ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းနှင့်သက်ဆိုင်သည့် အစိုးရလုပ်ငန်းစဉ်များကိုဆောင်ရွက်ရန် E platform တစ်ခုကိုလည်း တည်ဆောက်သွားတော့မည်ဖြစ်ကြောင်းစသဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးကဏ္ဍ တိုးမြှင့်စေမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍မီဒီယာများကိုရှင်းလင်းပြောကြားခဲ့သည်။(Xinhua)
ပေကျင်း၊ မတ် ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က တရုတ်နိုင်ငံအနေဖြင့် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းမှုရှိစေရန်နှင့် နျူကလီးယား ကင်းစင်ရေးဆောင်ရွက်မှုများတွင် အကောင်းဆုံးဖြစ်စေရန် အစွမ်းကုန်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် သတင်းမီဒီယာများကို ပြောကြားခဲ့သည်။(Xinhua)
ပေကျင်း၊ မတ် ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က တရုတ်နိုင်ငံအနေဖြင့် တစ်ကမ္ဘာလုံးအတွက် စီးပွားရေးတံခါးဖွင့်လှစ် ထားမည် ဖြစ်ကြောင်း၊ ပို့ကုန်သွင်းကုန်ကဏ္ဍတို့တွင် အခွန်အခများကိုလည်း လျှော့ချပေးသွားရန်ရှိကြောင်း၊ အစိုးရအနေဖြင့်ထုတ်လုပ်ရေးကဏ္ဍတွင်လည်း အပြည့်အဝထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးကဏ္ဍကိုလည်းပိုမိုကျယ်ပြန့်စေရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေး အခန်းကဏ္ဍတွင် သဟဇာတဖြစ်စေရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။(Xinhua)
ပေကျင်း၊ မတ် ၂ဝ ရက်(ဆင်ဟွာ) တရုတ်ပြည်သူူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်လီခဲ့ချန် သတင်းစာရှင်းလင်းပွဲကျင်းပသည့်မြင်ကွင်း အပြည့်အစုံကိုအောက်ပါလင့်ခ်မှတစ်ဆင့်ကြည့်ရှုနိုင်ကြပါသည်။(Xinhua)
ရန်ကုန်၊မတ် ၂၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အမှတ်-၄ နယ်မြေရဲစခန်း ရှေ့တွင် လူစုလူဝေးဖြစ်ပေါ်မှုတွင် ပါဝင်ပတ်သက်သူ ၁၁ဦးအား ဖမ်းဆီးအရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုနောက်သို့ လိုက်လျှောက်ကာ အင်အားချဲ့ထွင်မှုအား ဘယ်သောအခါမှ လုပ်ဆောင်မည် မဟုတ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၂၀ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ၂၀၁၉ အာရှဖလား၊ တတိယအဆင့် ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် လာမည့် မတ်လ ၂၂ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂း၃၀ အချိန်တွင် ကာဂျစ္စတန်အသင်းနှင့် တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ပဒဲကြောကျေးရွာအနီးဝန်းကျင်နှင့် ဟင်းရွက်ချောင်းအတွင်းမှ တရားမဝင် သင်ပုန်း/သစ်ပုတ်/နဘဲခွဲသား သစ်(၄၅၁)ချောင်း တန်အားဖြင့်(၁၆.၄၄၃၄)တန် နှင့်စက်လှေ(၁)စီးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။