မင့်စ်ခ်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဘီလာရုစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အဆင့်မြင့်အလွှာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တစ်ဆင့်တိုး ခိုင်မာအောင်လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ဇန်နဝါရီ ၂၇ ရက်၌ ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး၌ လူကာရှန်ကိုက ကမ္ဘာ့ပထဝီနိုင်ငံရေး အပြောင်းအလဲများ...
ဟောင်ကောင်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ်တွင် ဟောင်ကောင်၏ စုစုပေါင်း ပို့ကုန်သွင်းကုန်တန်ဖိုးများမှာ ဂဏန်းနှစ်လုံးတိုးတက်မှု စံချိန်တင်ခဲ့ပြီး စုစုပေါင်း တင်ပို့မှုတန်ဖိုးအနေဖြင့်လည်း သမိုင်းဝင် အမြင့်ဆုံးအထိ ရောက်ရှိခဲ့ကြောင်း တရုတ်နိုင်ငံ၏ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရက ဇန်နဝါရီ ၂၇ ရက်၌ ထုတ်ပြန်ခဲ့သည်။...
သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိသော စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်) ၏ ဈေးနှုန်း (၆,၁၀၀,၀၀၀) ကျပ် (ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ) ဖော်ပြပါ အချက်အလက်များသည် (၂၉.၁.၂၀၂၆) တွင် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ ထုတ်ပြန်သော Market Rate ဈေးနှုန်းများ...
မဲလ်ဘုန်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ဇန်နဝါရီ ၂၇ ရက်က မဲလ်ဘုန်းမြို့၌ အပူလှိုင်းကျရောက်နေချိန် ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များတွင် ဆီဒင်အမြင့်ဆုံး ကစားသမားများဖြစ်သည့် ကားလို့စ် အယ်လ်ကာရက်ဇ်နှင့် အရီနာ ဆာဘလန်ကာတို့က ပြိုင်ဘက်များကို ပြတ်ပြတ်သားသား အနိုင်ယူကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။...
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ခရီးသွားပြည်သူများအား အသိပေးချက်တစ်စောင်ကို မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၀၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်၌ မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ နီပါးရ်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုများကို တွေ့ရှိရခြင်းမရှိသေးသော်လည်း မူလလက်ခံကောင် လင်းနို့မျိုးစိတ်ဖြစ်သည့် သစ်သီးစားလင်းနို့/လင်းဆွဲများပေါများစွာ...
ဂျေရုဆလမ်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့် စတင်ကြောင်း အမေရိကန်၏ ကြေညာချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဇန်နဝါရီ ၂၇ ရက်တွင် ရုပ်သံဗီဒီယိုဖြင့် ကြေညာချက် ထုတ်ပြန်၍ အစ္စရေးက ဂါဇာဒေသတွင် စစ်ရေးလှုပ်ရှားမှု ကင်းစင်ရေး ဖော်ဆောင်မှု ပြီးမြောက်ရန်...
မကာအို၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ၂၀၂၆ ခုနှစ် မကာအို အပြည်ပြည်ဆိုင်ရာ အာကာသနှင့် ဂြိုဟ်သိပ္ပံပညာရပ်ဖိုရမ်ကို ဇန်နဝါရီ ၂၇ ရက်က စတင်ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ နိုင်ငံနှင့် ဒေသ ၁၀ ခုကျော်မှ အာကာသနှင့် ဂြိုဟ်သိပ္ပံနယ်ပယ်များမှ ပညာရှင် ၃၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း...
ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) အရာရှိများ၏ ကျင့်ဝတ်ပိုင်း တိုးတက်ကောင်းမွန်ရန်၊ တည်ကြည်ဖြောင့်မတ်မှု တည်ဆောက်ရန်နှင့် အစိုးရလုပ်ငန်းစဉ်၌ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရန် အရေးကြီးကာ ယင်းသို့ လုပ်ဆောင်ခြင်းက ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၆-၂၀၃၀) တွင် ဦးတည်ချက်ပန်းတိုင်များနှင့် လုပ်ငန်းတာဝန်များ အောင်မြင်ရေးအတွက် ခိုင်မာစွာ အာမခံချက်ပေးနိုင်လိမ့်မည်ဟု...
ဝူဟန့်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ ဝူဟန့်မြို့နှင့် ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ကို တိုက်ရိုက်ချိတ်ဆက်သည့် ကုန်တင်လေယာဉ်လမ်းကြောင်းသစ်တစ်ခုကို ဇန်နဝါရီ ၂၇ ရက်က တရားဝင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ JD Airlines လေကြောင်းလိုင်းပိုင် Boeing 737-800BCF ကုန်တင်လေယာဉ်တစ်စင်းသည် နယ်စပ်ဖြတ်ကျော် e-commerce...
မော့ဟယ် (ဟေးလုံကျန်း)၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နွေဦးပွဲတော်နီးကပ်လာသည်နှင့်အမျှ တရုတ်အဝေးထိန်းအာရုံခံဂြိုဟ်တုမြေပြင်စခန်း၏ မော့ဟယ်ဂြိုလ်တုဒေတာလက်ခံစခန်း (မော့ဟယ်စခန်း) မှ စခန်းမှူး၊ အဆင့်မြင့်အင်ဂျင်နီယာ ရှီးစိန့်ဖူ၊ အင်ဂျင်နီယာ လီချန်နှင့် ကောင်းကျင်ဖေး၊ လက်ထောက်အင်ဂျင်နီယာ ထျန်တုန်းတို့သည် စခန်းတွင် ရှားရှားပါးပါးအတူ စုဝေးနေကြသည်။ ပုံမှန်အားဖြင့် ဤနေရာတွင် တစ်ဦးသာ တာဝန်ထမ်းဆောင်လေ့ရှိသည်။...