Culture
တရုတ်နိုင်ငံအကူအညီဖြင့် အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံသည့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးကာ မြန်မာဘက်သို့ လွှဲပြောင်းပေးအပ်

ရန်ကုန် ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံအကူအညီဖြင့် အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံသည့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးကာ မြန်မာနိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံသို့ အခမ်းအနားဖြင့် ယနေ့ ဒီဇင်ဘာ ၂၇ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)
အဆိုပါပြုပြင်မွမ်းမံခြင်း စီမံကိန်းကို တရုတ်ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ပြီးစီးခဲ့ကာ စီမံကိန်းတွင် ဇာတ်ရုံ၏ အသံစနစ် မြှင့်တင်ခြင်း ၊ မီးအလင်းရောင်စနစ်၊ လေအေးပေးစက် စနစ် နှင့် အခြားအထွေထွေ ပြုပြုင်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)