Connect with us

Economy

ကျေးလက်ဒေသရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း များအထိ ဘဏ်လုပ်ငန်းချိတ်ဆက်မှုနှင့် ငွေကြေးထောက်ပံ့မှုများ ဖြန့်ကျက် ပေးအပ် သွားနိုင်ရန် ဆောင်ရွက်မည်

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)နှင့် ကမ္ဘောဇဘဏ်တို့ တွေ့ဆုံ ဆွေးနွေးခဲ့စဉ်(ဓာတ်ပုံ-UMFCCI)

ရန်ကုန် ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ)

မြန်မာ့ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (SME) ၏ အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် ဘဏ်လုပ်ငန်းချိတ်ဆက်မှုနှင့် ငွေကြေးထောက်ပံ့မှုများကို ကျေးလက်ဒေသရှိ SME များအထိ ဖြန့်ကျက်ပေးအပ်သွားနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ထံမှ သိရသည်။

ဘဏ်လုပ်ငန်း နှင့် ချိတ်ဆက်မှု စနစ်များနှင့် ငွေကြေး ထောက်ပံ့မှု ရရှိရန် လိုအပ်ချက် များအား ကျေးလက် ဒေသများရှိ SME လုပ်ငန်းရှင်များ သိရှိ နားလည်စေရန် ပညာပေးဆွေးနွေးပွဲများနှင့် သင်တန်းများ ပူးပေါင်းကျင်းပရန် ကုန်သည်စက်မှုအသင်းချုပ်နှင့် ကမ္ဘောဇဘဏ်တို့သည် သြဂုတ် ၁၀ ရက်တွင် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သိရသည်။
ထို့အတူ လက်ရှိ ငွေကြေး ချေးငှားလျက်ရှိသည့် အတိုးနှုန်း ပမာဏ ၁၃ ရာခိုင်နှုန်းအောက် လျှော့ချ ဆောင်ရွက် ပေးနိုင်ရန် နှင့် ငွေကြေးထောက်ပံ့မှု နှင့်ပတ်သတ်သော စံချိန်စံနှုန်းများ စနစ်ကျ မျှတစွာ ချမှတ်ရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းခဲ့ကြောင်း သိရသည်။
ထို့အပြင် ငွေကြေးထောက်ပံ့မှုတွင် လုပ်ငန်းကဏ္ဍအလိုက်၊ နေရာဒေသအလိုက်နှင့် ကျား မ မခွဲခြားပဲ ဆောင်ရွက် သွားရန် ရည်မှန်းထားပြီး လုပ်သား အခြေပြု ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ တီထွင် ဖန်းတီးနိုင်မှု နှင့်အတူ ဈေးကွက် ထိုးဖောက်နိုင်သည့် လုပ်ငန်းများနှင့် လူမှုအကျိုးပြု စီးပွားရေး လုပ်ငန်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.