Connect with us

Economy

မြန်မာ့ သစ်သီးဈေးကွက် တရုတ်ကို အဓိက အားထားနေရ

ရန်ကုန်မြို့ သိရီမင်္ဂလာဈေးအတွင်းရှိသစ်သီးအရောင်းဆိုင် အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ သိရီမင်္ဂလာဈေးအတွင်းရှိသစ်သီးအရောင်းဆိုင် အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

သစ်သီးအိတ်စပို့ ဈေးကွက်တွင်အခြား နိုင်ငံများထက် တရုတ်ကို အဓိက အားထား နေရကြောင်း သစ်သီး အိတ်စပို့ တင်ပို့သူ တချို့ကို ဆင်ဟွာမှ မေးမြန်းချက်အရ သိရသည်။

မာလာမြိုင် ကုမ္ပဏီလီမီတက်မှ ဒုတိယဥက္ကဌ ဒေါ်လဲ့လဲ့ဦးက “သစ်သီးအိတ်စပို့ ပို့တဲ့ ဈေးကွက်မှာတော့ တရုတ်ကိုပဲ အဓိကအားထားရသလို ပြည်တွင်းဈေးကွက်နဲ့ ယှဉ်ရင်လည်း တရုတ်ရဲ့ဖြုန်းအားက အဆပေါင်းများစွာပိုများ တယ်။ သခွါးမွှေးတို့လို အသီးမျိုးဆိုရင် တရုတ်ကို ၁၂ ဘီးကားနဲ့ အစီး ၂၀၀ လောက် ပို့ရရင် ပြည်တွင်းမှာက ၂ စီးစာလောက်က အနိုင်နိုင်ဖြုန်းရတာ” ဟုပြောသည်။

သစ်သီးအိတ်စပို့ ဈေးကွက်၌ စင်္ကာပူ၊ မလေးရှား၊ ဒူဘိုင်း၊ ဟောင်ကောင် အစရှိသည့်နိုင်ငံနှင့် ဒေသများအား လေကြောင်းလိုင်းမှ အအေးခန်းစနစ်နှင့် တင်ပို့ကာ တရုတ်နိုင်ငံဘက်သို့ နယ်စပ်မှ အများဆုံး တင်ပို့ကြောင်း သစ်သီးကုန်သည် တစ်ဦးက ပြောကြားသည်။

ဖရဲသီး၊ သခွါးမွှေး နှင့် သရက်သီး အမျိုးအစား အမျိုးမျိုးကို တရုတ်နိုင်ငံက အဓိက ဝယ်ယူမှုရှိပြီး ယခုအချိန်သည် သခါွးမွှေးရာ သီချိန် ဖြစ်ကြောင်း သိရသည်။

သစ်သီး ဝလံအသင်းမှ တာဝန်ရှိသူတစ်ဦးက “နယ်စပ်ဘက်မှာဆိုရင် ပွဲခစား သစ်သီးဝလံ ဈေးကွက်ဖြစ်လာတယ်။ မြေသြဇာပေး၊ မျိုးစေ့ပေးပြီး စိုက်ခိုင်းတာတွေ အထိ ရှိလာတယ်” ဟုပြောသည်။

၂၀၁၄ ခုနှစ်တွင် သခွါးမွှေးကို တရုတ်နိုင်ငံမှ ဝယ်ယူမှု များသောကြောင့် သခွါးမွှေးစိုက်သူများ တစ်ဧကလျှင် ကျပ်သိန်း ၅၀ ခန့်အထိ အမြတ်ရရှိကြကြောင်း ဒေါ်လဲ့လဲ့ဦးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.