Connect with us

Economy

မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းကုမ္ပဏီများက ပထမဆုံးအကြိမ်အဖြစ် ကုမ္ပဏီများ၏ လူမှုအကျိုးပြုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း (CSR) အစီရင်ခံစာ ထုတ်ပြန်

ရန်ကုန်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း (CECCM) မှ ရေးသားသည့် “မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းကုမ္ပဏီများ လူမှုအကျိုးပြုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း (CSR) အစီရင်ခံစာ” ထုတ်ပြန်ခြင်း အခမ်းအနားကို မကြာသေးမီက မြန်မာနိုင်ငံ မြို့တော်နေပြည်တော်၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ သက်ဆိုင်ရာအစိုးရဌာန၊ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး အသင်းချုပ်များ၊ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းကုမ္ပဏီ ကိုယ်စားလှယ်များ စသည်ဖြင့် လူဦးရေ ၁၇၀ ခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာကျားက ယင်းအစီရင်ခံစာသည် မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းကုမ္ပဏီများသည် ပထမဆုံးအကြိမ်အဖြစ် လူမှုအကျိုးပြုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း (CSR) အစီရင်ခံစာ ထုတ်ပြန်ခြင်းဖြစ်ရာ ယခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်မြောက်နှင့် တိုက်ဆိုင်လျက်ရှိသောကြောင့် အနက်အဓိပ္ပာယ်လေးနက်ကြီးမားကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် နှစ်နိုင်ငံက “ရပ်ဝန်းနှင့် ပိုးလမ်းမ” မူဘောင်အောက်တွင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာ ဖော်ဆောင်လျက်ရှိကြောင်း၊ တရုတ်လုပ်ငန်းကုမ္ပဏီများက လက်တွေ့လှုပ်ရှားမှုဖြင့် လူမှုရေးတာဝန်များကို ထမ်းဆောင်ပြီး ဒေသတွင်းလူမှုအသိုက်အဝန်းအား ပြန်လည်အကျိုးပြုခဲ့ရာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ်အား စဉ်ဆက်မပြတ် နက်ရှိုင်းလာစေရန် လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်က တရုတ်လုပ်ငန်းကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အထူးသဖြင့် အခြေခံအဆောက်အဦ တည်ဆောက်မှု၊ ပညာရေးနှင့် လေ့ကျင့်ရေး၊ ကျန်းမာရေးကုသမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ငလျင်ကူညီကယ်ဆယ်ရေး စသည့် ကဏ္ဍများ၌ အကျိုးထမ်းဆောင်မှုများကို ချီးကျူးတန်ဖိုးထား၍ ကျေးဇူးတင်ရှိကြောင်း၊၊ ၎င်းတို့ဝန်ကြီးဌာနအနေဖြင့် တရုတ်လုပ်ငန်း ကုမ္ပဏီများအတွက် ကောင်းမွန်သော စီးပွားရေးလုပ်ကိုင်ရန် ပတ်ဝန်းကျင် ဆက်လက်ဖန်တီးပေးကာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအား အဆက်မပြတ် နက်ရှိုင်းစွာ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————-
(Chinese Version)
在缅中资企业首次发布企业社会责任报告
新华社仰光8月26日电(记者张东强 黎广滔)缅甸中国企业商会组织编写的《在缅中资企业社会责任报告》发布会日前在首都内比都举行,缅相关政府部门、工商业联合会、中资企业代表等约170人参加。
中国驻缅甸大使马珈表示,这是在缅中资企业首次发布责任报告,今年恰逢中缅建交75周年,意义重大。近年来,两国在“一带一路”框架下不断深化各领域合作,中资企业以实际行动积极践行社会责任,回馈当地社会,持续厚植中缅胞波情谊。
缅甸投资部部长瓦瓦貌赞赏并感谢中资企业为缅甸经济发展,特别是在基础设施建设、教育培训、医疗卫生、环境保护、抗震救灾等方面作出的贡献。缅甸投资部将继续为中资企业创造良好营商环境,不断深化两国经贸合作。(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.