Politics
တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားအား မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ ခမ်းနားစွာ ကျင်းပ

ရန်ကုန်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်မှ ကြီးမှူးကျင်းပသော “မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများက တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်” ဆွေးနွေးပွဲကို ဩဂုတ် ၆ ရက်က မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးအသင်းချုပ်၌ ခမ်းနားစွာ ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ ပင်မအဖွဲ့အစည်း ကိုယ်စားလှယ်များ စုဝေးခဲ့ပြီး သမိုင်းကို အတူတကွ အောက်မေ့သတိရကာ အနာဂတ်ကို ရှုမြင်ခဲ့ကြသည်။
အထိမ်းအမှတ်အခမ်းအနားသည် တည်ကြည်လေးနက်၍ စိတ်အားထက်သန်မှုရှိသော အခြေအနေ၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ ဆွေးနွေးပွဲ တက်ရောက်လာသည့် ကိုယ်စားလှယ်များက တရုတ်-မြန်မာ ချစ်ကြည်ရေးနှင့် ကမ္ဘာကြီး ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန်အတွက် ဆက်လက် အကျိုးထမ်းဆောင်သွားမည်ကြောင်း တညီတညွတ်တည်း ဖော်ပြခဲ့ကြသည်။ (Xinhua)
…………………………….
(Chinese Version)
缅华各界隆重纪念中国人民抗日战争暨世界反法西斯战争胜利80周年
8月6日,由缅甸中华总商会主办的”缅华各界纪念中国人民抗日战争暨世界反法西斯战争胜利80周年”座谈会在仰光缅甸中华总商会隆重举行。来自缅甸主要侨团的代表齐聚一堂,共同缅怀历史,展望未来。
纪念活动在庄严热烈的氛围中圆满结束。与会代表一致表示,将继续为促进中缅友谊与世界和平发展贡献。(完)