Connect with us

Sino-Myanmar

တရုတ်နိုင်ငံအစိုးရ၏ အကူအညီဖြင့်ဆောင်ရွက်သည့် အာဆီယံ (မြန်မာနိုင်ငံ) တိရစ္ဆာန်ရောဂါဓာတ်ခွဲခန်းစီမံကိန်း Exchange Letter လက်မှတ်ရေးထိုး

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရ၏ အကူအညီဖြင့်ဆောင်ရွက်သည့် အာဆီယံ (မြန်မာနိုင်ငံ) တိရစ္ဆာန်ရောဂါဓာတ်ခွဲခန်းစီမံကိန်း Exchange Letter လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယနေ့ (မေ ၁၃ ရက်) သတင်းထုတ်ပြန်သည်။

အာဆီယံပေါင်းစည်းမှုတည်ဆောက်ရေးကို ပံ့ပိုးကူညီရန် တရုတ်နိုင်ငံ အစိုးရသည် Initiative for ASEAN Integration (IAI) အရ အာဆီယံအား အကူအညီပေးသည့်တိရစ္ဆာန်ရောဂါဓာတ်ခွဲခန်းစီမံကိန်း ဖော်ဆောင်၍ မြန်မာနိုင်ငံရှိ နေပြည်တော်နှင့်ကမ္ဘောဒီးယားနိုင်ငံရှိ ဖနွမ်းပင်မြို့တို့တွင်တိရစ္ဆာန်ရောဂါဓာတ်ခွဲခန်းတစ်ခုစီ ကူညီတည်ဆောက်ပေးပြီး သက်ဆိုင်ရာဓာတ်ခွဲခန်းသုံးစက်ကိရိယာများ ပံ့ပိုးပေးကာ လူပုဂ္ဂိုလ်များအား လေ့ကျင့်သင်တန်းပေးခြင်းတို့ စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအားတိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး၊ရောဂါရှာဖွေရေးနှင့် စောင့်ကြည့်စစ်ဆေးရေးစွမ်းရည်များ မြင့်မားလာစေရန်အကူအညီပေးနိုင်ရန်ရည်ရွယ်ကြောင်း၊မေ ၁၁ ရက်တွင် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်သည် အဆိုပါစီမံကိန်း၏ မြန်မာနိုင်ငံဆိုင်ရာစီမံကိန်း ဖော်ဆောင်ခြင်း ExchangeLetter ကို လက်မှတ်ရေးထိုးကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဤသည်မှာ ၂၀၂၁ ခုနှစ်တွင် အဆိုပါစီမံကိန်း၏ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာစီမံကိန်းဖော်ဆောင်ခြင်း Exchange Letter လက်မှတ်ရေးထိုးပြီးနောက်နောက်ထပ်အရေးကြီးသော တိုးတက်မှုတစ်ခုဖြစ်ကြောင်း၊ ထို့နောက်တွင် အဆိုပါစီမံကိန်းသည် အကောင်အထည်ဖော်ဆောင်မှုအဆင့်သို့အပြည့်အဝ ဝင်ရောက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကောင်းမွန်ရေး၊ မြန်မာပြည်သူများ ကောင်းမွန်ရေးသဘောတရားကိုအမြဲလက်ကိုင်စွဲပြီးမြန်မာပြည်သူများအတွက် မြန်မာနိုင်ငံသို့ကူညီပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိဆောင်ရွက်နေဆဲ ကူညီပံ့ပို့မှုစီမံကိန်းများသည် စိုက်ပျိုးရေး၊ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ယဉ်ကျေးမှု၊ အနုပညာ၊ပညာရေးစသည့်နယ်ပယ်များစွာကိုလွှမ်းခြုံနေပြီး မြန်မာပြည်သူများ၏အကျိုးစီးပွားကိုလက်တွေ့ကျကျမြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.