Connect with us

Economy

မြန်မာနိုင်ငံတွင် လန်ချန်း-မဲခေါင်အထူးရန်ပုံငွေဖြင့်ဆောင်ရွက်သော စီမံကိန်း ၂ ခု ပြီးမြောက်

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့်ဆောင်ရွက်သော စီမံကိန်း နှစ်ခု ပြီးစီးခြင်းအထိမ်းအမှတ် အမှတ်တရဓာတ်ပုံရိုက်ကူးထားမှုအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သော စီမံကိန်း နှစ်ခု ပြီးစီးခြင်းအထိမ်းအမှတ် အခမ်းအနားကို မတ် ၃၀ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပထမစီမံကိန်းဖြစ်သော ဟင်းသီးဟင်းရွက် မျိုးစေ့များ စုဆောင်းခြင်းနှင့် မျိုးစေ့ထုတ် လုပ်ခြင်းဆိုင်ရာစီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး ထုံးဘို၊ ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ် ဟဲဟိုးတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ သင်တန်းတွင် ဟင်းသီးဟင်းရွက် မှတ်တမ်းယူခြင်းနှင့် မျိုးစေ့ရွေးချယ်ခြင်းဆိုင်ရာ လှုပ်ရှားမှုများ ပါဝင်ကြောင်း သိရသည်။

ဒုတိယစီမံကိန်းဖြစ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ အရည်အသွေးထိန်းသိမ်းခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်မှုသက်တမ်း တိုးမြှင့်ခြင်းဆိုင်ရာ စီမံကိန်းတွင် အရည်အသွေး ထိန်းသိမ်းရေးနှင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၏ သက်တမ်းတိုးခြင်းဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံများနှင့် ပညာပေးအစီအစဉ်များ ပါဝင်ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် လန်ချန်း-မဲခေါင်အထူးရန်ပုံငွေဖြင့်ဆောင်ရွက်သော စီမံကိန်း ၁၉ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ၎င်းတို့ထဲမှ စီမံကိန်းနှစ်ခုကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ၂၀၂၃ ခုနှစ် မတ်လအတွင်း ဆောင်ရွက်ခဲ့ကြောင်းထုတ်ပြန်ချက်အရ သိရသည်။

လန်ချန်း-မဲခေါင်အထူးရန်ပုံငွေ ဘတ်ဂျက်အားဖြင့် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ဖြင့်ဆောင်ရွက်သော စီမံကိန်း ၃၁ ခု ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင်ဒေသ ခြောက်နိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အသေးစားနှင့် အလတ်စား ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို ပံ့ပိုးကူညီရန် ရည်ရွယ်၍ လန်ချန်း-မဲခေါင်အထူးရန်ပုံငွေကို ၂၀၁၆ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လန်ချန်း-မဲခေါင်ဒေသ ခြောက်နိုင်ငံတွင် တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သည်။ (Xinhua)

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.