Connect with us

Economy

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား မြန်မာနိုင်ငံတွင် ကျင်းပ

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC) ၏ (၇) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်၌ မတ်၂၃ ရက်က ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ပြပွဲတွင် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာန ၁၆ ခုမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လန်ချန်း-မဲခေါင် စီမံကိန်းများ၏ အောင်မြင်မှုများကို ဘက်စုံတင်ဆက်ပြသခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အခမ်းအနားတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော ဒေသတည်ဆောက်ရန် LMC ၏ ပံ့ပိုးမှုနှင့် မြန်မာနိုင်ငံ ပြည်သူများအတွက် ကူညီမှုများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်းနှင့် ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ခြင်းတွင် LMC အခြေခံမူများ၏ အရေးပါကြောင်း ပြောကြားလျက် LMC အထူးရန်ပုံငွေအတွက် တရုတ်နိုင်ငံကိုလည်း ကျေးဇူးတင်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

LMC ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေသည် ဒေသတွင်း စီမံကိန်းပေါင်း၆၀၀ ကျော်ကို ပံ့ပိုးကူညီခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင်လည်းအကျိုးပြုလျက်ရှိကြောင်း သိရသည်။ အထူးရန်ပုံငွေမှ မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု ဧရိယာ ၃၄ ခုတွင် စီမံကိန်းပေါင်း ၉၂ ခုကို ငွေကြေးများထောက်ပံ့ခဲ့ပြီး မြန်မာနိုင်ငံပြည်သူများအတွက် လက်တွေ့
အကျိုးကျေးဇူးများ ဖော်ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai ကလန်ချန်း-မဲခေါင် ခြောက်နိုင်ငံ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒေသတွင်း ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးနိုင်မည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့သည်။
LMC ခြောက်နိုင်ငံသည် နိုင်ငံရေး လုံခြုံရေး၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုယဉ်ကျေးမှုစသည့် မဏ္ဍိုင်သုံးရပ်တွင် ထိ ရောက်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။

အခမ်းအနားသို့ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များနှင့် မြန်မာနိုင်ငံ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ ၂၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

LMC တွင် တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။ လန်ချန်း မြစ်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ချင်းဟိုင်-တိဗက်ကုန်းပြင်မြင့်မှ မြစ်ဖျားခံလာခြင်းဖြစ်သည်။ အဆိုပါမြစ်ကို ပင်လယ်အတွင်းသို့မစီးဝင်မီ ဖြတ်သန်းစီးဆင်းသွားသော အခြားငါးနိုင်ငံတွင် မဲခေါင်မြစ်ဟု ခေါ်ဆိုသည်။ (Xinhua)