Connect with us

Politics

မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ် တည်ထောင်ခြင်း ၁၁၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဒီဇင်ဘာ ၁၆ ရက်တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ် တည်ထောင်ခြင်း ၁၁၅ နှစ်ပြည့် အထိမ်းအမှတ် ညစာစားပွဲ မြင်ကွင်းများ (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ် တည်ထောင်ခြင်း ၁၁၅ နှစ်ပြည့် အထိမ်းအမှတ် ညစာစားပွဲအား ရန်ကုန်မြို့၌ ဒီဇင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Ms. Ma Jia နှင့် မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစောနှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာ ချာလီသန်း အစရှိသည့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောက နှုတ်ခွန်းဆက်စကား ပြောကြားပြီး သံအမတ်ကြီး Ms. Ma Jia နှင့် မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်ဥက္ကဋ္ဌတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်းချုပ်ဥက္ကဋ္ဌက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီးတို့အတွက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.