Connect with us

Sino-Myanmar

တရုတ်နိုင်ငံအစိုးရက အကူအညီပေးအပ်သည့် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန နှင့် ကျန်းမာရေးဝန်ထမ်းများလေ့ကျင့်ရေးသင်တန်းကျောင်း စီမံကိန်း (CDC)လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်တွင် တရုတ်နိုင်ငံမှ အကူအညီပေးထားသော မြန်မာအမျိုးသားရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC)နှင့် ဆေးဘက်ဆိုင်ရာ လေ့ကျင့်ရေးစင်တာလွှဲပြောင်း ပေးအပ်ပွဲအခမ်းအနား ကျင်းပစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရအကူအညီပေးအပ်သည့် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန နှင့် ကျန်းမာရေးဝန်ထမ်းများလေ့ကျင့်ရေးသင်တန်းကျောင်း စီမံကိန်း (CDC)လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ (ဇွန် ၁၃ ရက်) တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် မြန်မာနိုင်ငံမှ ဧည့်သည်တော်များက စီမံကိန်းပြီးမြောက်ခြင်းအတွက် အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အဆိုပါစင်တာအတွက် ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

CDC သည် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရစီမံကိန်းဖြစ်ပြီး လတ်တလောနှစ်အတွင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံကို အကူအညီပေးသော အကြီးမားဆုံး စီမံကိန်းလည်းဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်သည် ၂၀၁၈ ခုနှစ်တွင် စီမံကိန်းကူညီဆောက်လုပ်ပေးမှုအတွက် သဘောတူညီမှုရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ CDC သည် ဧရိယာ စတုရန်းမီတာ ၄၀,၀၀၀ ကျယ်ဝန်းပြီး အဆောက်အအုံ ဧရိယာမှာ စတုရန်းမီတာ ၁၈,၀၀၀ ရှိကာ CDC အဆောက်အအုံ၊ ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်းအဆောင်၊ အုပ်ချုပ်ရေးရုံး အဆောက်အအုံနှင့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ဇီဝလုံခြုံမှု အဆင့် – ၃ (Biosafety level 3) ဓာတ်ခွဲခန်းတို့ပါဝင်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းသည် “တရုတ်စက်ကိရိယာဖြင့် နိုင်ငံတကာချိတ်ဆက်ခြင်း” ကိုအကောင်အထည်ဖော်ပြီး မြန်မာနိုင်ငံက ဆေးဝါးကုသရေးဆိုင်ရာ ခေတ်မီမှုအဆင့်အတန်းနှင့် ပြည်သူ့ကျန်းမာရေး ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှု စွမ်းရည်များတိုးတက်လာစေရန် ကူညီပေးကာ မြန်မာနိုင်ငံ ပြည်သူများအတွက် လက်တွေ့ကျကျအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)