Connect with us

Culture

မြန်မာနိုင်ငံက တရုတ်နှစ်သစ်ကူးနေ့အား အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအစိုးရက တရုတ်နှစ်သစ်ကူးနေ့အား အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်သည်ဟု ဇူလိုင်လ ၈ ရက်တွင်ထုတ်ပြန်ကြေညာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံနယ်ပယ်အသီးသီးက တရုတ်နှစ်သစ်ကူးနေ့ကို အလွန်အလေးထားကြကြောင်း၊ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံ တရုတ်နွယ်ဖွားလောကနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ရန်ကုန်မြို့၌ အတူတကွကျင်းပသည့် တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် ဂုဏ်ပြုအခမ်းအနားအား တက်ရောက်ခဲ့ကြောင်း၊ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နှစ်သစ်ကူးနေ့အား မြန်မာနိုင်ငံ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)