Connect with us

Sino-Myanmar

မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းခြင်းအခမ်းအနားကျင်းပ

မြန်မာနိုင်ငံ ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ မြန်မားအားကစားအဖွဲ့ချုပ်လေးခုအား ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်လာသူများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၃ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ၊ သံမှူးကြီး Dr. Zheng Zhihong ၊ သံမှူး Mr. Li Qianguo ၊ မြန်မာနိုင်ငံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်၊ လှေလှော်အဖွဲ့ချုပ်၊ ဘောလုံးအဖွဲ့ချုပ်၊ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များနှင့် အားကစားသမားများ စုစုပေါင်း လူ ၁၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံသည် အားကစားအင်အားကြီးနိုင်ငံအဖြစ် တည်ဆောက်လျက်ရှိပြီး နိုင်ငံတကာနှင့် အားကစားကဏ္ဍကူးလူးဖလှယ်မှုကို အလေးထားပါကြောင်း၊ အားကစားရုံများ ကူညီတည်ဆောက်ပေးခြင်း၊ အားကစားသမားများ လေ့ကျင့်ပေးခြင်း စသည့်နည်းလမ်းများဖြင့် မြန်မာနိုင်ငံ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပေးကာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပြည်သူများ စိတ်နှလုံးချင်းဆက်နွှယ်မှုကို မြှင့်တင်လိုက်ပါကြောင်း၊ ယခုအကြိမ်လှူဒါန်းပေးအပ်မှုသည် မြန်မာနိုင်ငံအားကစားသမားများ လေ့ကျင့်ရေးနှင့် အားကစားအဖွဲ့ချုပ်များ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးကူညီပေး၍ တရုတ်-မြန်မာအားကစားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုးထမ်းဆောင်ပေးရန်ဖြစ်ကြောင်း သံအမတ်ကြီး Ms. Ma Jia ကပြောကြားသည်။

တရုတ်သံရုံး၏လှူဒါန်းမှုနှင့် မြန်မာနိုင်ငံ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်ပံ့ပိုးကူညီပေးမှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အားကစားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး မြန်မာ-တရုတ်ချစ်ကြည်ရေးကို အတူတကွမြှင့်တင်သွားရန်ဆန္ဒရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဆိုသည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ မြန်မားအားကစားအဖွဲ့ချုပ်လေးခုအား ပေးအပ်လှူဒါန်းပွဲသို့ အားကစားသရုပ်ပြနေသူများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ မြန်မားအားကစားအဖွဲ့ချုပ်လေးခုအား ပေးအပ်လှူဒါန်းပွဲသို့ အားကစားသရုပ်ပြနေသူများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.