Sino-Myanmar
မြန်မာနိုင်ငံ၌ တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ် ကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၀ ရက်က မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ (ရန်ကုန်) တွင် ကျင်းပခဲ့သည်။
၂၀၂၄ ခုနှစ် တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ်တွင် ကမ္ဘာ့လမ်းကြောင်းလွှဲစီမံကိန်း-၁ ၊ ကမ္ဘာ့လမ်းကြောင်းလွှဲစီမံကိန်း-၂ ၊ သမိုင်းထဲက ချန်အန်း၊ ငှက်တို့ဇာမဏီ၊ စိတ်ဝိညာဉ်နားခိုရာဆီသို့ ရုပ်ရှင်ကားများ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)