Connect with us

Politics

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ရေဘေးဒဏ်သင့်မှုအတွက် မြန်မာနိုင်ငံထံကူညီမှုများပေးအပ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ရေဘေးဒဏ်သင့်မှုအတွက် မြန်မာနိုင်ငံထံကူညီမှုများပေးအပ်ပစ္စည်းများကို တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ရေဘေးဒဏ်သင့်မှုအတွက် မြန်မာနိုင်ငံထံကူညီမှုများပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။လတ်တလောရက်ပိုင်းတွင် မြန်မာနိုင်ငံဒေသအများအပြားက ရာဂီမုန်တိုင်းဒဏ်ကို ပြင်းထန်စွာခံစားရပြီး များပြားသော လူထိခိုက်သေဆုံးမှုနှင့် ပစ္စည်းဥစ္စာပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက စက်တင်ဘာလ ၂၇ ရက်တွင် မြန်မာနိုင်ငံထံသို့ မြန်မာကျပ်ငွေ သိန်း ၄၄၀ ခန့်တန်ဖိုးရှိသည့် ခေါက်ဆွဲခြောက်၊ စည်သွပ်ဘူး၊ ဘီစကစ် စသည့် စားသောက်ကုန်ပစ္စည်းများ အရေးပေါ်လှူဒါန်းပေးအပ်ခဲ့ပါသည်။ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများကလည်း လက်ငင်းငွေ အမေရိကန်ဒေါ်လာ တစ်သောင်း၊ မြန်မာကျပ်ငွေ သိန်း ၄,၀၀၀ နှင့် အခြားကူညီကယ်ဆယ်ရေးပစ္စည်းများစွာလည်း လှူဒါန်းခဲ့ကြပါသည်။ ရေဘေးဒဏ်သင့်ဒေသမှ ပြည်သူများလည်း ရေဘေးကိုဆောလျင်စွာကျော်ဖြတ်နိုင်ပြီး အိမ်ရာပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.