Connect with us

Culture

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ နိုဝင်ဘာ ၄ ရက်တွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာ-တရုတ် ဗုဒ္ဓဘာသာနှင့်ယဉ်ကျေးမှု့နှီးနှောဖလှယ်ရေးအဖွဲ့တို့သည် နိုဝင်ဘာလ ၃ ရက်၌ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာနာယကကျောင်းတော်ကြီး၌ မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ ဆရာတော်ကြီး အပါအဝင် သံဃာတော် ၂၄ ပါးတို့အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြန်မာ-တရုတ် ဗုဒ္ဓဘာသာနှင့်ယဉ်ကျေးမှုနှီးနှောဖလှယ်ရေးအဖွဲ့ နာယကကြီး ဒေါက်တာ နီနီ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ် (MCCOC)၊ မြန်မာနိုင်ငံကုသိုလ်ဖြစ်လူမှုကယ်ဆယ်ရေးအသင်း၊ မြန်မာနိုင်ငံ ဖုကျင့်၊ ယူနန်၊ ကွမ်းတုံ လူမှုကူညီရေးအသင်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မြန်မာ့ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို အတူတကွ ဂုဏ်ပြုဆင်နွှဲခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံရှိပြည်သူများအားလုံး အေးချမ်းသာယာသောဘဝကို ပိုင်ဆိုင်ပြီး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.