Connect with us

Sino-Myanmar

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia မှ Power China. Bright Future Scholarship အစီအစဉ်စတင်ခြင်းနှင့် ပထမဆုံးအကြိမ် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

Power China. Bright Future Scholarship အစီအစဉ်စတင်ခြင်းနှင့် ပထမဆုံးအကြိမ် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဒီဇင်ဘာ ၂၁ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia မှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ UMFCCI ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ၊ Bowen School နှင့် တရုတ်လုပ်ငန်းရှင်ကိုယ်စားလှယ်များ စသည့် ဧည့်သည်တော် ၁၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

သံအမတ်ကြီး Ms. Ma Jia က ပညာရေးသည် အနာဂတ်ကို ပုံဖော်ပေးပြီး လူငယ်များသည် မျှော်လင့်ချက်ကို ဆောင်ယူထားကြောင်း၊ Bright Future Scholarship သည် Power China မှ လူမှုရေးတာဝန်ကို တက်ကြွစွာထမ်းဆောင်ခြင်းဖြစ်ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးကို သက်ဝင်လှုပ်ရှားစွာ ဖော်ပြနေခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ မြန်မာနိုင်ငံ၏ ပညာရေးလုပ်ငန်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ပံ့ပိုးကူညီပေးလိုပါကြောင်း၊ လူငယ် ကျောင်းသား ကျောင်းသူများ ဖွံ့ဖြိုးအောင်မြင်စေရန် ကူညီပေးခြင်းဖြင့် တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို လက်ဆင့်ကမ်းကာ တရုတ်-မြန်မာ အေးအတူ ပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် ရေရှည်တည်တံ့သော အားအင်များ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဤပညာသင်ဆု စီမံကိန်းသည် မြန်မာနိုင်ငံ Bowen School မှ ထူးချွန် ကျောင်းသားကျောင်းသူများကို ပညာသင်ကြားမှုပြီးဆုံးသည်အထိ ထောက်ပံ့ပေးမည် ဖြစ်ပြီး ယခု ပထမဆုံးအကြိမ်တွင် ထူးချွန်ကျောင်းသား ၅၀ ဦးအား ပညာသင်ဆု (Scholarship) ကို ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.