Sino-Myanmar
(၈) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ တရုတ်ဘာသာစကား ရွတ်ဆိုပြိုင်ပွဲ (မြန်မာနိုင်ငံ) ဖိုင်နယ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
(၈) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ တရုတ်ဘာသာစကား ရွတ်ဆိုပြိုင်ပွဲ (မြန်မာနိုင်ငံ) ဖိုင်နယ်ပြိုင်ပွဲကို ဧပြီ ၂၇ ရက်က ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာ၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
ယခုအကြိမ် ပြိုင်ပွဲတွင် ကလေးငယ် အုပ်စု၊ ကလေးအုပ်စု၊ ဆယ်ကျော်သက် အုပ်စု၊ လူငယ် အုပ်စု ဟူ၍ သတ်မှတ်ထားပြီး ရွှေတံဆိပ်ဆု ၄ ဦး၊ ငွေတံဆိပ်ဆု ၆ ဦး၊ ကြေးတံဆိပ်ဆု ၁၀ ဦး၊ ထူးချွန်ဆု ရရှိသူများစွာကို ရွေးချယ်ချီးမြှင့်ခဲ့သည်။ ထို့အပြင် “အနာဂတ်အလားအလာအကောင်းဆုံး”၊ ” တင်ဆက်မှု အကောင်းဆုံးဆု” ၊ ”အကောင်းဆုံးပုံရိပ်ဆု” အထူးဆုများ သတ်မှတ်ထားပြီး ဆုရှင် (၄) ဦးစီ ရွေးချယ်ချီးမြှင့်ခဲ့သည်။ တစ်ချိန်တည်းမှာပင် စာသင်ကျောင်း (၁၄) ကျောင်းကိုလည်း “ထူးချွန်သော ဖွဲ့စည်းရေးဌာန” အဖြစ် အသိအမှတ်ပြုဂုဏ်ပြုခဲ့သည်။ ယခုအကြိမ်ပြိုင်ပွဲတွင် အနိုင်ရသူများသည် ကမ္ဘာလုံးဆိုင်ရာ ဖိုင်နယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
ယခုနှစ်ဆန်းပိုင်း ပြိုင်ပွဲစတင်ကျင်းပချိန်မှ စတင်၍ မြန်မာနိုင်ငံ၌ ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ရန် ကျောင်းသား/ ကျောင်းသူပေါင်း ၁,၂၀၀ ခန့်ကို ဆွဲဆောင်ခဲ့ပြီး အတန်းနှင့် ကျောင်းအဆင့်အလိုက် အကြိမ်ပေါင်းများစွာ ရွေးချယ်ပြီးနောက်၊ နောက်ဆုံးတွင် ဖိုင်နယ်သို့ တက်ရောက်ရန် ကိုယ်စားလှယ် ၆၉ ဦး ရွေးချယ်ခဲ့ကြောင်း၊ ယခုအကြိမ် မြန်မာနိုင်ငံအတွင်း ဖိုင်နယ်ပြိုင်ပွဲ ကျင်းပရန် တရုတ်နိုင်ငံ တရုတ်ဘာသာစကားနှင့် ယဉ်ကျေးမှုပညာရေးဖောင်ဒေးရှင်း (CLEF) မှ ဦးဆောင်ပြီး ရန်ကုန် ဘိုဝန် (Bowen) ကျောင်းမှ တာဝန်ယူကာ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFPD) မှ ပူးပေါင်းဆောင်ရွက်၍ ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာမှ ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။ (Xinhua)