Connect with us

Sino-Myanmar

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ရုံးသုံးပစ္စည်းများကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအား လှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနသို့ ရုံးသုံးပစ္စည်းလှူဒါန်းစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနသို့ ရုံးသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (မေ ၁၅ ရက်)ထုတ်ပြန်သော သတင်းအရ သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Li Qianguo က ရုံးလုပ်ငန်းသုံးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းအကြောင်းအား ရှင်းလင်းတင်ပြပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လှူဒါန်းသည့် ရုံးသုံးပစ္စည်းများအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ရုံးသုံးပစ္စည်းများအား ဒုတိယဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မေလ ၁၄ ရက်အထိ ငလျင်ကြောင့် သေဆုံးသူ ၃,၈၀၀ ဝန်းကျင်ရှိပြီး လူပေါင်း ၅,၁၀၀ ကျော် ဒဏ်ရာရခဲ့ပြီး ၈၄ ဦး ပျောက်ဆုံးနေကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.