Connect with us

Politics

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၆ နှစ်မြောက် နှစ်ပတ်လည်နှင့် တရုတ်ပြည်သူများ၏ ဂျပန်ကျူးကျော် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် (၈ဝ) ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကျင်းပ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၆ နှစ်မြောက် နှစ်ပတ်လည်နှင့် တရုတ်ပြည်သူများ၏ ဂျပန်ကျူးကျော် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် (၈ဝ) ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနား ကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၆ နှစ်မြောက် နှစ်ပတ်လည်နှင့် တရုတ်ပြည်သူများ၏ ဂျပန်ကျူးကျော် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် (၈ဝ) ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့၌ စက်တင်ဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယာယီတာဝန်ခံ Ms. Cao Jing ၊ မြန်မာနိုင်ငံ တရုတ် ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအိုင်ထွန်း၊ မြန်မာတရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) နာယက ဦးလှမြင့်နှင့် မြန်မာနိုင်ငံရှိတရုတ်နွယ်ဖွား၊ မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများစသည်တို့မှကိုယ်စားလှယ်ပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ချိန်မှစ၍ ၇၆ နှစ်ကြာ ကာလတစ်လျှောက်မှ သမိုင်းဝင် အပြောင်းအလဲများကို ပြန်လည်သုံးသပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံ ပြည်သူများအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်သံယောဇဥ် တိုးမြှင့်ရေး အတွက် မြန်မာပြည်ဖွား တရုတ်လူမျိုးများနှင့် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ၏ ပံ့ပိုးကူညီမှုများအား ချီးကျူးဂုဏ်ပြုပါကြောင်း ယာယီတာဝန်ခံ Ms. Cao Jingက ပြောကြားသည်။

နိုင်ငံရပ်ခြားမှ တရုတ်လူမျိုးများအား တရုတ်နိုင်ငံအမျိုးသားကြီးမြတ်သောပြန်လည်စည်ပင်ဖွံ့ဖြိုးမှု လုပ်ငန်းကြီးကို ဆက်လက်ပံ့ပိုးကူညီရန်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းကို တည်ဆောက်ရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအားပေးကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ ထူထောင်ခြင်း၏ တောက်ပလင်းလက်သော အောင်မြင်မှုများကို ချီးကျူးခဲ့ပြီး မြန်မာနိုင်ငံတရုတ်နွယ်ဖွား အသိုက်အဝန်းသည် တိုင်းပြည်နှင့် ဇာတိမြေကို ချစ်မြတ်နိုးသည့် ဓလေ့ထုံးတမ်းများကို ပြန့်ပွားသွားမည်ဖြစ်ပြီး မြန်မာ-တရုတ် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနက်ရှိုင်းစေရန်အတွက် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးအိုင်ထွန်း ကပြောသည်။

ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံ တရုတ်နွယ်ဖွားများက သီချင်းသီဆို၊ အကများဖြင့်ဖျော်ဖြေကာ ဧည့်ခံပွဲမှာ နွေးထွေးဖော်ရွေမှုများနှင့် ပြည့်နှက်နေလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.