Connect with us

Politics

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ ဆွေးနွေး 

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံ နှုတ်ဆက်ကြစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန် နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သည် ဇန်နဝါရီ ၁၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံသမ္မတအိမ်တော်၌ ချစ်ကြည်ရင်းနှီးစွာတွေ့ဆုံဆွေးနွေးခဲ့သည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က သမ္မတရှီကျင့်ဖိန်၏ ယခု ခရီးစဉ်သည် တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အကြို နှင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်းနှစ် (၇၀) ပြည့်အထိမ်းအမှတ်ကာလလည်းဖြစ်သောကြောင့် အလွန်ပင်ထူးခြားသည့် အမှတ်တရများလည်းဖြစ်စေကြောင်း၊ ယခုကဲ့သို့လာရောက်သည့်ခရီးစဉ်အပေါ် အလွန်ပင် ဝမ်းမြောက်ဝမ်းသာဖြင့်ကြိုဆိုပါကြောင်းပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကာလရှည်ကြာစွာ ချစ်ကြည်ရင်းနှီးဆက်ဆံမှု နှင့် တရုတ်နိုင်ငံ ၏ ကြီးမားသည့်ထောက်ခံအားပေးမှုတို့ကြောင့် အလွန်ပင်ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်းပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ပေါက်ဖော်ချစ်ကြည်ရေး တည်တံ့ခိုင်မြဲမှုမှာလည်း နှစ်နိုင်ငံအတွက် အလွန်ပင် တန်ဖိုး ထားဖွယ်ရာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ 

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အမြဲထာဝရ မိတ်ဆွေကောင်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး နှစ်နိုင်ငံ ဆက်နွယ်မှုလည်း ထာဝရ တည်တံမည်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံသည်လည်း တရုတ်နိုင်ငံက ဖော်ဆောင်နေသည့် ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတည်ဆောက်ရာတွင် တစ်တပ်တစ်အား ပါဝင်ရန် အမြဲအဆင်သင့်ရှိနေမည်ဖြစ်ကြောင်းအတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေဖြင့် သမ္မတရှီကျင့်ဖိန်၏ ခရီးစဉ် သည် နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု အားသစ်လောင်းနိုင်မည့် ခရီးစဉ်တစ်ခုဖြစ်သည်ကိုယုံကြည်ပါကြောင်းပြောကြားခဲ့သည်။ သမ္မတရှီကျင့်ဖိန်က မိမိအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူတို့၏ ဧည့်ဝတ်ကျေပွန်စွာ ကြိုဆိုမှုကို အလွန်ပင် တန်ဖိုးထားဝမ်းမြောက်မိပါကြောင်းဦးစွာပြောကြားခဲ့သည်။ ရှီက ၎င်းသည် တရုတ်နိုင်ငံ၏ သမ္မတအဖြစ်  မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်သည့်ခရီးစဉ်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ၎င်း၏ ပထမဆုံး နိုင်ငံရပ်ခြားချစ်ကြည်ရေးခရီးစဉ် ဖြစ်ကြောင်း၊ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်သည် နှစ် ၇၀ ပြည့်အခမ်းအနားများကို လာရောက်ဂုဏ်ပြုခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ 

ဆက်လက်ပြီး ရှီက ယခု ကာလသည်အလွန်ပင် ထူးခြားကြောင်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအပေါ်လျှောက်လှမ်းနေသည့် ကာလတစ်လျှောက်လုံးတွင် ထောက်ခံကူညီသွားမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ပြည်သူလူထုအကြား ပေါက်ဖော်ချစ်ကြည်ရေး နက်ရှိုင်း စွာ တည်တံ့ခိုင်မြဲရန်မြန်မာနိုင်ငံဘက်မှ အမြဲရပ်တည်သွားမည်ဖြစ်ကြောင်း၊ ပေါက်ဖော်ချစ်ကြည်ရေးကိုပိုမို လေးနက်စေမည်ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခုကို အတူလက်တွဲဖော်ဆောင်ကြမည်ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မတွေ့ဆုံမီ  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က သမ္မတရှီအား ဂုဏ်ပြုအခမ်းအနားဖြင့်ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်းသိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.