Politics
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မြန်မာနိုင်ငံသို့ရောက်ရှိ

နေပြည်တော် ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံ နေပြည်တော်သို့ ယနေ့ ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁:၀၀ နာရီခန့်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်သည် ယခုနှစ်အတွက် သမ္မတ ရှီ၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး ၁၉ နှစ်ကြာ ကာလပြီးနောက် တရုတ်နိုင်ငံ သမ္မတ တစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးသွားရောက်လည်ပတ်သော ခရီးစဉ်လည်းဖြစ်သည်။ (Xinhua)