Politics
တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် စတင်ရောက်ရှိ
နေပြည်တော် ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ဝန်ကြီး ဝမ်ရိသည် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ယနေ့ ဧပြီလ ၅ ရက် နေ့လည့်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စတင် ရောက်ရှိ လာခဲ့သည်။
တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံသို့ အစိုးရသစ် လက်ထက် ပထမဆုံး ရောက်ရှိလာခဲ့သော နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သည်။
မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သော တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိကို နေပြည်တော် လေဆိပ်၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့်အတူ သံရုံး တာဝန်ရှိသူများ ၊ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူများက လာရောက် ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။ (Xinhua)