Connect with us

Politics

တရုတ် နိုင်ငံ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ နှင့် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ အမျိုးသား ဖွံ့ ဖြိုး တိုးတက်ရေး နှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ နှင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ တွေ့ ဆုံစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ H.E. Mr. Ning Jizhe ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့သည် ယနေ့နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ သံတမန်ခန်းမ၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ရန်ကုန်မြို့သစ် စီမံကိန်း အတွက် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲသို့ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်သောင်း ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင် ဝန်ကြီး ဌာန ဝန်ကြီး ဦးဟံထွန်း နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တရုတ် နိုင်ငံ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌတို့တွေ့ဆုံစဉ်(ဆင်ဟွာ)

ထိုနောက် တရုတ် နိုင်ငံ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ H.E. Mr. Ning Jizhe ဦးဆောင်သော အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ယင်းတွေ့ဆုံပွဲသို့ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊ ပြည်သူ့ ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင် ၊ အတွင်းရေးမှူး ဒေါ်သက်ထားနွယ်ဝင်း၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ အတွင်း ရေးမှူး ဦးကျော်ဇေယျ၊ အဖွဲ့ဝင် ဦးထွေးတင်(ခ) ဦးမြသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.