Connect with us

Politics

သမ္မတရှီကျင့်ဖိန်၏ အလည်အပတ်ခရီးစဉ်သည် တရုတ်-မြန်မာ ဆက်ဆံရေးတွင် ခေတ်သစ်ကို အစပြုခြင်းဖြစ်ဟု အဆင့်မြင့်သံတမန်ပြော

မြန်မာနိုင်ငံ ပုဂံရှေးဟောင်းယဉ်ကျေးမှုမြို့တော်အား ၂၀၁၉ ခုနှစ် ဇူလိုင် ၆ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

လာမည့်ရက်သတ္တပတ်တွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ခရီးစဉ်သည် တရုတ်-မြန်မာဆက်ဆံရေးကဏ္ဍ၌ ပိုမို တိုးတက်ကြွယ်ဝလာမည်ဖြစ်ပြီး ခေတ်သစ်တစ်ခုကို အစပြုခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လော်ကျောက်ဟွေး(Luo Zhaohui) က ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

သမ္မတရှီ၏ မကြာမီ သွားရောက်မည့် အလည်အပတ်ခရီးစဉ်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်စဉ် ဒုတိယဝန်ကြီး လော်က မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE) တွင် မြန်မာပြခန်းသို့ လာရောက် လည်ပတ်ကြသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတရှီသည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၁၇ ရက် မှ ၁၈ ရက်အထိ နိုင်ငံတော်အလည်အပတ်ခရီးစဉ်တစ်ခု သွားရောက်မည်ဖြစ်သည်။

ယင်းမှာ သမ္မတရှီ၏ ယခုနှစ်အတွက် ပထမဆုံးသော ပြည်ပခရီးစဉ်ဖြစ်လာမည်ဖြစ်ပြီး တရုတ်နိုင်ငံသမ္မတတစ်ဦးအနေဖြင့် ၁၉ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်သော ခရီးစဉ်တစ်ခုလည်း ဖြစ်လာမည်ဖြစ်ကြောင်း လော်က ဆိုသည်။ အဆိုပါ အလည်အပတ်ခရီးစဉ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၇၀ ပြည့်အခါသမယနှင့်လည်း တိုက်ဆိုင်စွာ ကျရောက်နေကြောင်း ၎င်းက အသိပေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ လက်ရှိတွင် နှစ်နိုင်ငံသည် အမြင့်ဆုံးအဆင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ၊ စီးပွားရေးအရ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှု နှင့် နိုင်ငံတကာနှင့်ဒေသတွင်း ကိစ္စရပ်များတွင် နီးကပ်စွာ ဆွေးနွေးညှိနှိုင်းမှု တို့ကို မျှဝေလျှက်ရှိကြောင်း လော်က ဆိုသည်။

တရုတ်-မြန်မာ “ ဆွေးမျိုးပေါက်ဖော်” ချစ်ကြည်ရေးသည် အချိန်ကာလ ရွေ့လျားလာခြင်းနှင့်အတူ ပိုမိုခိုင်မာလာခဲ့ကြောင်း ၊ ကျေနပ်ပျော်ရွှင်မှုများသည် တည်တံ့ခိုင်မြဲခဲ့ကြောင်း  နှင့် နှစ်နိုင်ငံ ပြည်သူအကြား အမြင့်ဆုံးအဆင့် အပြန်အလှန်ဖလှယ်မှု ရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သံတမန်ဆက်ဆံရေး စတင်ထူထောင်သည့် လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကတည်းက နှစ်နိုင်ငံသည် အပြန်အလှန်လေးစားမှု ၊ အပြန်အလှန်ယုံကြည်မှုနှင့် အပြန်အလှန်ကူညီထောက်ပံ့မှုပေါ် အခြေခံ၍ ဆက်ဆံရေးများ အစဉ်တိုးတက်လာခဲ့သလို အရွယ်အစားမတူညီသော နှစ်နိုင်ငံအကြား win-win ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အလည်အပတ်ခရီးစဉ်အတွင်း သမ္မတရှီသည် မြန်မာနိုင်ငံမှ ကျင်းပသည့် အခမ်းအနားများကို အစဉ်လိုက်တက်ရောက်သွားရန် ရှိကြောင်း ၊ မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် ဆွေးနွေးခြင်းများ နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာရွက်စာတမ်း အပြန်အလှန်ပေးအပ်ပွဲ အခမ်းအနားတစ်ခုကို တက်ရောက်သွားမည်ဖြစ်ကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည်မှ တည်ခင်းဧည့်ခံသော နိုင်ငံတော်ဧည့်ခံပွဲတစ်ခုကို တက်ရောက်သွားမည်ဖြစ်ကြောင်း လော်၏ ပြောကြားချက်အရ သိရသည်။

သမ္မတရှီသည် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံလွှတ်တော်အကြီးအကဲများ ၊ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့်လည်း အမြင်ချင်းဖလှယ်သွားကြမည်ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားသို့ မြန်မာနိုင်ငံခေါင်းဆောင်များနှင့်အတူ တက်ရောက်သွားမည်ဖြစ်ကြောင်း နှင့် တရုတ်-မြန်မာ ယဉ်ကျေးမှု နှင့် ခရီးသွားနှစ် ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်သွားမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် နှစ်နိုင်ငံသည် ပူးတွဲကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်သွားမည် ဖြစ်သည်။

လော်က အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းလမ်းများရေးဆွဲခြင်း ၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကြွယ်ဝစေရန် ဆောင်ရွက်ခြင်း ၊ တရုတ် နှင့် မြန်မာ အတွက် ကံကြမ္မာအကျိုးတူ လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရန် ကြိုးပမ်းအားထုတ်ခြင်း နှင့် တရုတ်-မြန်မာဆက်ဆံရေး ခေတ်သစ်တစ်ခုဆီ အစပြုခြင်းတို့ အတွက် နှစ်နိုင်ငံအကြား အတွေ့အကြုံဖလှယ်ခြင်းများကို အကျဉ်းချုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံသည် အမြင့်ဆုံးအရည်အသွေးဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆွေးနွေးရန် နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို စိတ်ကူးစိတ်သန်း အစီအစဉ်မှ အမှန်တကယ်တည်ဆောက်ခြင်းသို့ ကူးပြောင်းနိုင်ရေး တိုးမြှင့်သွားပြီး အဓိကအရေးပါသောစီမံကိန်းများ အောင်မြင်တိုးတက်စေရန်လည်း ဆွေးနွေးကြမည်ဖြစ်သည်။

ထို့ပြင် နှစ်နိုင်ငံသည် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်စေရန်အတွက် ခိုင်မာသော လူမှုရေးအုတ်မြစ်တစ်ခုချမှတ်သွားရန် ပြည်သူအချင်းချင်းအကြား အပြန်အလှန်ဖလှယ်မှုများကို တိုးချဲ့သွားမည်ဖြစ်သည်။

မကြာမီသွားရောက်မည့် သမ္မတရှီ၏ ခရီးစဉ်သည် နိုင်ငံရေး ဆက်ဆံမှု ၊ နက်ရှိုင်းသော ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးမြှင့်တင်မှု နှင့် တရုတ်-မြန်မာ ဆက်ဆံရေး အမြင့်ဆုံးအဆင့်တစ်ခုသို့ တိုးမြှင့်မှု တို့ကို မြှင့်တင်သွားလိမ့်မည်ဖြစ်ကြောင်း လော်က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.