Politics
သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်က နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော သမိုင်း မှတ်တိုင် ဖြစ်လာမည်ဟု ယုံကြည်ကြောင်း မြန်မာ သမ္မတ ပြောကြား
နေပြည်တော် ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံသို့ နိုင်ငံတော် အလည်အပတ် ခရီးစဉ် အဖြစ် ရောက်ရှိနေသည့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဇန်နဝါရီ ၁၇ ရက်တွင် ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ အိမ်တော် မျက်နှာစာရှိ မြက်ခင်းပြင်၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးမှုတွင် အလွန် အရေးပါသည့် သမိုင်း မှတ်တိုင် တစ်ခု ဖြစ်လာမည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)