Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

တရုတ်စာ ပေါင်းကူးတံတား ပြိုင်ပွဲ (ရန်ကုန်) နောက်ဆုံးအဆင့် ကျင်းပ - Xinhua News Agency
Connect with us

Social

တရုတ်စာ ပေါင်းကူးတံတား ပြိုင်ပွဲ (ရန်ကုန်) နောက်ဆုံးအဆင့် ကျင်းပ

တရုတ်စာပေါင်းကူးတံတား ပြိုင်ပွဲ(ရန်ကုန်)နောက်ဆုံးအဆင့် ယှဉ်ပြိုင်အပြီး စုပေါင်း မှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၈ ရက် (ဆင်ဟွာ)

တရုတ်စာ ပေါင်းကူးတံတား (Chinese Bridge)အမည်ရှိ တရုတ် သာသာစကား ကျွမ်းကျင်မှု ပြိုင်ပွဲ(ရန်ကုန်) နောက်ဆုံးအဆင့်ကို ယနေ့မေလ ၂၈ ရက်တွင် ရန်ကုန်မြို ့ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ယဉ်ကျေးမှုဌာန၌ ကျင်းပခဲ့ပြီး ပြိုင်ပွဲ ပထမဆုအား အခြေခံ ပညာ အထက်တန်း အဆင့် (၁)ဦး နှင့် တက္ကသိုလ်ဝင်တန်း အဆင့် (၁) ဦး အနိုင်ရရှိခဲ့သည်။

တရုတ်စာ ပေါင်းကူးတံတား (Chinese Bridge) ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယခု တရုတ်စာ ပေါင်းကူးတံတားသည် ဆက်သွယ်ရေး ၊ ချစ်ကြည်ရေး ၊ ပူးပေါင်း ဆောင်ရွက်ရေး တံတား ဖြစ်ကြောင်း ၊ တရုတ်ဘာသာ နှင့် ယဉ်ကျေးမှုကို နားလည်စေနိုင်ပြီး တရုတ်-မြန်မာ ရိုးရာ ချစ်ကြည်ရေး ကို တိုးမြင့်စေနိုင်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းသည့် အပေါ် အရေးကြီးသည့် အဓိပ္ပါယ်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြိုင်ပွဲတွင် နှုတ်ခွန်းဆက် စကား ပြောကြားနေစဉ်(ဆင်ဟွာ)
တရုတ်စာ ပေါင်းကူးတံတား (Chinese Bridge) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂၁ ဦး ရှိပြီး ယခု နောက်ဆုံး အဆင့်တွင် အခြေခံပညာ အထက်တန်း အဆင့် ၆ ဦး နှင့် တက္ကသိုလ်ဝင်တန်း အဆင့် ၆ ဦး စုစုပေါင်း ၁၂ ဦးမှ တောက်ပသော အနာဂတ်ဆီသို့အကြောင်းအရာဖြင့် ယှဉ်ပြိုင်ခဲ့ရာ အခြေခံ ပညာ အထက်တန်း အဆင့်တွင် ရန်ကုန်မြို ့တွင် နေထိုင်သော Ms. Yang Zihan နှင့် တက္ကသိုလ်ဝင်တန်း အဆင့်တွင် လားရှိုးမြို့တွင် နေထိုင်သော Ms.Jiang Rongming တို့သည် ပထမအဆင့်ဖြင့် အနိုင်ရရှိခဲ့ပြီး ဆုငွေများအဖြစ် ပထမဆု ရရှိခဲ့သူ နှစ်ဦးအား တစ်ဦးလျှင် ကျပ်ငွေ ၅ သိန်း ၊ ဆုများအလိုက် ဒုတိယဆုအား ကျပ်ငွေ ၄ သိန်း ၊ တတိယဆုအား ကျပ်ငွေ ၃ သိန်း နှင့် ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲတွင် ပထမဆု ရရှိသွားသော ပြိုင်ပွဲဝင်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ဆုပေးအပ် ချီးမြှင့်နေစဉ်(ဆင်ဟွာ)
ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သူများနှင့် ပြိုင်ပွဲဝင်များအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး ယဉ်ကျေးမှု သံမှူး Mr. Tian Shanting ၊ ကွန်ဖြူးရှပ်ကျောင်း၏ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဝင်း နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲတွင် ပထမဆု ရရှိသွားသော ပြိုင်ပွဲဝင်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ဆုပေးအပ် ချီးမြှင့်နေစဉ်(ဆင်ဟွာ)
ယခုပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်ခြင်း အားဖြင့် မြန်မာနိုင်ငံရှိ ကျောင်းသား/သူများ တရုတ်နိုင်ငံ အကြောင်းအား ပိုမို သိရှိစေရန် ၊ ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခြင်းအားဖြင့် တရုတ်စာပေ နှင့် ပတ်သက်သည့် အသိပညာ တိုးပွားလာနိုင်သည့် အပြင် ပြိုင်ပွဲ၌ ဆုရရှိပါက တရုတ်နိုင်ငံသို့သွားရောက် ပညာသင်ကြားနိုင်မည့် အခွင့်အလမ်းများ ရှိကြောင်း သိရသည်။

တရုတ်စာပေါင်းကူးတံတား ပြိုင်ပွဲ(ရန်ကုန်)နောက်ဆုံးအဆင့်တွင် ပြိုင်ပွဲဝင်များအား အကဲဖြတ် အမှတ်ပေးသော ဒိုင်လူကြီးများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်စာပေါင်းကူးတံတား ပြိုင်ပွဲ(ရန်ကုန်)နောက်ဆုံးအဆင့်တွင် တရုတ်ရိုးရာ ယဉ်ကျေးမှု အကဖြင့် ယှဉ်ပြိုင်နေစဉ်(ဆင်ဟွာ)

တရုတ်စာပေါင်းကူးတံတား ပြိုင်ပွဲ(ရန်ကုန်)နောက်ဆုံးအဆင့်တွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်စာ ပေါင်းကူးတံတား (Chinese Bridge) ပြိုင်ပွဲအား တရုတ်နိုင်ငံရှိ ကွန်ဖြူးရှပ် သင်တန်း မှ အဓိက ဦးစီး၍ နှစ်စဉ် ပြိုင်ပွဲ ကျင်းပခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် နိုင်ငံပေါင်း ၁၃၅ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)