Connect with us

Social

တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ ညှိနှိုင်းမှုဖြင့် အကောင်းဆုံး ပြေလည်နိုင်မည့် လမ်းကြောင်း သွားရန် ကချင် ဝန်ကြီးချုပ် ပြောကြား

တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်သည့် အဖွဲ့အား ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် အဖွဲ့က ကချင် ပြည်နယ် အစိုးရ အဖွဲ့ရုံး၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

မြစ်ကြီးနား ၊ ဇွန် ၃ ရက် (ဆင်ဟွာ)

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ နှစ်နိုင်ငံ အစိုးရ ညှိညှိနှိုင်းနှိုင်းဖြင့် အကောင်းဆုံး ပြေလည်နိုင်မည့် လမ်းကြောင်းကို သွားကြရန် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်သည့် အဖွဲ့နှင့် ဇွန်လ ၃ ရက်တွင် ပြည်နယ် အစိုးရ အဖွဲ့ရုံး၌ တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

ကချင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က တွေ့ဆုံ ဆွေးနွေးခဲ့မှုများ အပေါ် သတင်း မီဒီယာများအား ပြောကြားရာတွင် မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ နှစ်နိုင်ငံ ချစ်ခင် ရင်းနှီးမှုအား မပျက်ပြား စေလိုကြောင်း ၊ စီမံကိန်းအား ပြည်နယ် အစိုးရ အဖွဲ့မှ ဆိုင်းငံ့ခြင်း မဟုတ်ဘဲ ပြည်ထောင်စု အစိုးရနှင့် ပြည်သူလူထု ဆန္ဒဖြင့် ဆိုင်းငံ့ခြင်း ဖြစ်ကြောင်း ၊ ယခုလည်း ပြည်သူလူထု ဆန္ဒနှင့် ပြည်ထောင်စု အစိုးရ အဖွဲ့၏ ဆုံးဖြတ်ချက်အရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း မီဒီယာများအား ပြောကြားခဲ့သည်။

တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်သည့် အဖွဲ့နှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် အဖွဲ့တို့ အမှတ်တရ ဓာတ်ပုံရိုက်ကူူးစဉ် (ဆင်ဟွာ)

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် မီဒီယာများအား ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်သည့် အဖွဲ့ က မြစ်ကြီးနားမြို့ မိဘမဲ့ မေတ္တာရိပ်မြုံ ဂေဟာသို့ သွားရောက်ပြီး အစားအသောက် ၊ အသုံးအဆောင် ပစ္စည်းများ လှူဒါန်းစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးထဲတွင် ကချင်ပြည်နယ်သည် အရေးကြီးသည့် ပြည်နယ် တစ်ခု ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ်သည် ရှည်လျားသည့် နယ်နိမိတ် ရှိပြီး အရေးကြီးသည့် ပေါင်းကူး တံတား ဖြစ်ကြောင်း ၊ နယ်စပ်ဒေသများတွင်လည်း တူညီသည့် မျိုးနွယ်စုများ ရှိကြောင်း ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် အတူ မန္တလေး ကောင်စစ်ဝန် Mr.Wang Yu ၊ ယခင် CPI ကုမ္ပဏီအား အမည်ပြောင်းလဲထားသည့် SPIC ကုမ္ပဏီမှ ဒုတိယ ဥက္ကဋ္ဌ Mr.Cao Jun Hua ၊ ကုမ္ပဏီရုံးချုပ် နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ Mr.Liu Zhan နှင့် တာဝန်ရှိသူများ ပါဝင်ခဲ့သည်။
ကချင်ပြည်နယ်သို့ ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်သည့် အဖွဲ့သည် ခရီးစဉ်အတွင်း ယနေ့ နံနက်ပိုင်း၌ မြစ်ကြီးနားမြို့ ၊ မန်ခိန် ရပ်ကွက်ရှိ မိဘမဲ့ မေတ္တာရိပ်မြုံ ဂေဟာသို့ သွားရောက်ခဲ့ပြီး အစားအသောက် ၊ အသုံးအဆောင် ပစ္စည်းများ လှူဒါန်းခဲ့သည့် အပြင် ဂေဟာရှိ ကျောင်းသား၊ကျောင်းသူ ကလေးငယ်များနှင့်လည်း ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.