Connect with us

Social

တရုတ်-မြန်မာ ပူးပေါင်း တည်ဆောက်သည့် သာကေတ (၁၀၆) မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ ဖွင့်လှစ်

သာကေတ (၁၀၆) မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့ သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အထိမ်းအမှတ် ကမ္ပည်း မော်ကွန်းအား ဖွင့်လှစ်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီး ဌာန နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ Union Resources Engineering Company Limited(UREC) တို့ပူးပေါင်း တည်ဆောက်သည့် သာကေတ (၁၀၆) မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနားအား ယနေ့မတ် ၁၇ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ဖွင့်ပွဲ အခမ်းအနားတွင် လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က အဖွင့် အမှာ စကား ပြောကြားရာတွင် ယခုကဲ့သို့U Energy ကုမ္ပဏီ အနေဖြင့် မြန်မာ နိုင်ငံ အတွင်း လုပ်ငန်း ရင်းနှီး မြှု ုပ်နှံ လုပ်ကိုင် ခြင်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံ ရင်းနှီး ချစ်ကြည်မှုကို ပိုမို ခိုင်မြဲစေနိုင်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ဖွင့်ပွဲ အခမ်းအနားတွင် အမှာ စကား ပြောကြားနေစဉ်(ဆင်ဟွာ)

စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ၊မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဝင်းက ယနေ့ဖွင့်လှစ်သည့် စက်ရုံသည် ရန်ကုန်တိုင်းဒေသကြီး အတွက် လျှပ်စစ် သုံးစွဲမှု လိုအပ်ချက် ကို အပြည့်အ၀ မဟုတ်ပေမယ့် တစ်ထောင့် တစ်နေရာမှ ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်း ၊ သမိုင်းကြောင်း တစ်လျှောက် ရင်းနှီးချစ်ကြည် ခဲ့သည့် အိမ်နီးချင်း နိုင်ငံ နှစ်နိုင်ငံ ဖြစ်သည့် အတွက်ကြောင့် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို မိတ်ရင်းဆွေရင်း ပမာ ရင်းနှီးစွာဖြင့် မိမိတို့အား အတူ လက်တွဲပြီး ပူးပေါင်း ဆောင်ရွက်နေသည့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံကိုလည်း ချစ်ကြည် ရင်းနှီးမှု အထိမ်းအမှတ် အဖြစ် ယခု ဖွင့်ပွဲသည် အထိမ်း အမှတ် တစ်ခု ဖြစ်စေလိုကြောင်း ၊ ထိုဆန္ဒ နှင့် အညီ ရှေ့ဆက်၍ အိမ်နီးချင်း နိုင်ငံကောင်းများ ပီသစွာ ဆက်လက်ပြီး အတူတကွ နေထိုင်ဆောင်ရွက် သွားကြရန် ယုံကြည် မျှော်လင့်ပါကြောင်း အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဝင်းက အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က သာကေတ (၁၀၆) မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ အောင်မြင်စွာ တည်ဆောက် လည်ပတ်ခြင်းသည် လျှပ်စစ် ရရှိရေး ကဏ္ဍတွင် တရုတ် ကုမ္ပဏီများ၏ စွမ်းဆောင်နိုင်မှုအား ထင်ဟပ် နိုင်သကဲ့သို့တရုတ်-မြန်မာ လျှပ်စစ် နှင့် သန့်ရှင်း စွမ်းအင် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တဆင့်တိုး ဖြစ်ထွန်း တိုးတက် လာနေသည်ဟု ဖော်ပြ နေပါကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် တရုတ် ကုမ္ပဏီ များကို မြန်မာ ပြည်သူလူထု၏ လိုအပ်ချက် အရ မြန်မာနိုင်ငံ လျှပ်စစ် စွမ်းအင် ကဏ္ဍတွင် ဆက်လက် ရင်းနှီး မြှုပ်နှံ နိုင်အောင် အားပေး ဆောင်ရွက်မည် ဖြစ်ကြောင်း အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ Union Resources Engineering Company Limited (UREC)၏ ဥက္ကဋ္ဌ Mr.Feng Ke က ယခု စီမံကိန်းသည် သတ်မှတ်ကာလထက် ၃ လ စောကာ ၁၀၆ မဂ္ဂါဝပ်စက်ရုံအားတည်ဆောက် ပြီးမြောက်ခဲ့ပြီး ဖြစ်ကြောင်း ၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်မှ စတင်၍ လည်ပတ်ခဲ့ကာ ယနေ့ထိ ဆိုလျှင် လျှပ်စစ် ဓာတ်အား သန်း ၄၀ ယူနစ်အား ထုတ်လုပ် ဖြန့်ဖြူး ပေးခဲ့ပြီ ဖြစ်ကြောင်း ၊ လက်ရှိ တာဘိုင် ဂျင်နရေတာများသည် ရန်ကုန်မြို့ အများပြည်သူများကို တည်ငြိမ် ကောင်းမွန်သော လျှပ်စစ် ဓာတ်အားများကို ထုတ်လုပ် ဖြန့်ဖြူး ပေးနေပြီ ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ Union Resources Engineering Company Limited (UREC)၏ ဥက္ကဋ္ဌ Mr.Feng Ke က စက်ရုံ အကြောင်း ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

ယခု ဖွင့်လှစ်သည့် သာကေတ (၁၀၆) မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံသည် လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီး ဌာန နှင့် Union Resources Engineering Company Limited(UREC) တို့ ပူးပေါင်း၍ ဖက်စပ် ကုမ္ပဏီ တည်ထောင်ပြီး သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံကို တည်ဆောက် အကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။

သာကေတ (၁၀၆) မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်(ဆင်ဟွာ)

ထိုစီမံကိန်းအား ၂၀၁၆ ခုနှစ် မေလတွင် စတင် အကောင်အထည် ဖော်ခဲ့ပြီး ယခု အခါ စီမံကိန်း လုပ်ငန်းများ ပြီးစီးပြီ ဖြစ်သောကြောင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်မှ စတင်၍ စီးပွားဖြစ် ဓာတ်အား ထုတ်လုပ်ခဲ့ပြီး နိုင်ငံတော် ဓာတ်အား စနစ် အတွင်းသို့ဓာတ်အားများ ပို့လွှတ်နေပြီ ဖြစ်ကြောင်း သိရသည်။

သာကေတ (၁၀၆) မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံအား တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုစဉ်(ဆင်ဟွာ)

သာကေတ (၁၀၆) မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံအား တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုစဉ်(ဆင်ဟွာ)

သာကေတ (၁၀၆) မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံအား တွေ့ရစဉ်(ဆင်ဟွာ)

သာကေတ (၁၀၆) မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနားတွင် စုပေါင်း မှတ်တမ်းတင် ရိုက်ကူးစဉ်(ဆင်ဟွာ)

သာကေတ (၁၀၆) မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ အနေဖြင့် ၁ နှစ်လျှင် လျှပ်စစ် စွမ်းအင် ကီလိုဝပ် နာရီ သန်းပေါင်း ၈၀၀ ခန့် တိုးတက် ထုတ်လုပ် ပေးနိုင်မည် ဖြစ်၍ အိမ်ထောင်စုပေါင်း ၄၂,၀၀၀ ခန့် လျှပ်စစ် ဓာတ်အား တိုးတက် ဖြန့်ဖြူး ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

သာကေတ (၁၀၆) မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အထိမ်းအမှတ် ကမ္ပည်း မော်ကွန်းအား လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် ၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် UREC ၏ ဥက္ကဋ္ဌ Mr.Feng Ke တို့က စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့သည့် အပြင် လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီး ဌာန ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ သံရုံး နှင့် ကုမ္ပဏီတို့မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။

ယခု စီမံကိန်း အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ မှ U ENERGY THAKETA POWER CO.,LTD ကို ပူးပေါင်း ရင်းနှီး မြှုပ်နှံ ခဲ့ပြီး တရုတ်နိုင်ငံ Union Resources & Engineering Co., Ltd. (UREC) နှင့် မြန်မာ နိုင်ငံ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန တို့မှ ပူးပေါင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရသည်။တရုတ်-မြန်မာ နှစ်နိုင်ငံ သည် ၂၀၁၃ ခုနှစ်တွင် ဇန်နဝါရီလ တွင် နားလည်မှုစာချွန်လွှာ ကို ရေးထိုးခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလ တွင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ထိုစဉ်က မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန် တို့ရှေ့မှောက် တွင် သဘောတူညီမှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ မှ ပူးပေါင်း ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီ ဖြစ်သော U ENERGY THAKETA POWER CO.,LTD ကို တည်ထောင်ခဲ့ပြီး လုပ်ငန်း လိုင်စင် ကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.