Connect with us

Social

မြန်မာနိုင်ငံရှိ မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးငယ် ၁၅ ဦးကို တရုတ်နိုင်ငံတွင် စရိတ်ငြိမ်းအခမဲ့ကုသပေးမည်

- နှလုံးရောဂါ ဝေဒနာရှင်ကလေးငယ်များနှင့်အတူ စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)

တရုတ်အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ်မှ မွေးရာပါ နှလုံးရောဂါဝေဒနာရှင် မြန်မာကလေးငယ် ၁၅ ဦးအား ဒုတိယအသုတ်အနေဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူဝိုက်ဆေးရုံကြီးတွင် အခမဲ့စရိတ်ငြိမ်း ကုသပေးမည် ဖြစ်ကြောင်းသိရသည်။

ဝေဒနာရှင်ကလေးငယ်များ တရုတ်နိုင်ငံသို့ မသွားရောက်မီ တရုတ်အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ် စာနယ်ဇင်းလောက ကုသိုလ်ဖြစ်လုပ်ငန်းဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ မစ္စတာ ရွှီကျင့်ရွှန်း ဦးဆောင်သော အဖွဲ့သည် အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရန်ကင်း ကလေးဆေးရုံကြီး သို့သွားရောက် သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရန်ကင်းကလေးဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်မြင့်ခိုင်၊ ကလေးနှလုံးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးခင်မောင်ဦးတို့နှင့် တွေ့ဆုံခဲ့ပါသည်။

မစ္စတာရွှီကျင့်ရွှန်းနှင့်အဖွဲ့သည် ရန်ကင်းဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်မြင့်ခိုင်နှင့်တွေ့ဆုံစဉ်(ဆင်ဟွာ)

ထိုသို့သွားရောက်ကြည့်ရှုအားပေးရာတွင် မစ္စတာ ရွှီကျင့်ရွှန်းက ယခုကလေးငယ်များသွားရောက် ဆေးကုသမှုခံယူမည့် ဖူဝိုက်ဆေးရုံကြီးသည် နှလုံးရောဂါ ကုသမှုတွင် တရုတ်နိုင်ငံ၏အကောင်းဆုံး ဆေးရုံကြီးတစ်ခုကြောင်း ၊ ဝေဒနာရှင်ကလေးငယ်များနှင့်လိုက်ပါမည့် ကလေးမိဘများကို လိုလေ သေးမရှိအောင် အပြည့်အ၀ ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး ဆေးကုသစရိတ်၊ နေထိုင် သွားလာစရိတ် နှင့် အသုံးစရိတ် အားလုံးကို တာဝန်ယူပေးသွားဖြစ်ကြောင်း အားပေးစကားပြောကြား ခဲ့ပါသည်။

မစ္စတာရွှီကျင့်ရွှန်းနှင့်အဖွဲ့သည် ရန်ကင်းဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်မြင့်ခိုင်နှင့်တွေ့ဆုံစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံသို့ သွားရောက်ဆေးဝါးကုသမည့် ကလေးငယ်များနှင့်မိဘများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံသို့ ဆေးကုသရန် သွားရောက်မည့် ၂နှစ် ၆လ အရွယ် နှလုံးရောဂါဝေဒနာရှင်ကလေးငယ် ရတီစုလှိုင်၏ မိခင် ဒေါ်အေးအေးစန်းအားက “ကျွန်မတို့က ကွမ်းခြံကုန်းမြို့နယ် တော်ကူးကျေးရွာမှာ နေပါတယ်။ ကလေး ၉လ အရွယ်မှာ နှလုံးရောဂါရှိမှန်းသိတာပါ။ သမီးလေးကို ခွဲစိတ်ကုသပေးချင် ပေမဲ့လည်း ငွေရေးကြေးရေးအခက်အခဲအများကြီးရှိတာကြောင့် မကုသပေးနိုင်ခဲ့ပါဘူး။ အခု ဆေး ကုသခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိတယ်။ တရုတ်မြန်မာချစ်ကြည်ရေးအတွက်လုပ်ဆောင်တဲ့ အစီအစဉ်ဖြစ်လို့ တရုတ်နိုင်ငံကိုကော၊ ရန်ကင်းဆေးရုံကြီးက ဆရာဆရာမတွေအားလုံး အထူးကျေးဇူးတင်ပါတယ် ” ဟု ဆိုသည်။

တရုတ်နိုင်ငံသို့ သွားရောက်ဆေးဝါးကုသမည့် ကလေးငယ်များနှင့်မိဘများအား တွေ့ရစဉ်(ဆင်ဟွာ)

တဖန် မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမှ ဒေါ်နွယ်နွယ်ဝင်းကလည်း “ကျွန်မသားလေး ရဲလင်းထက်အသက် ၄ နှစ်ရှိပါပြီ။ ကလေး ၁နှစ်အရွယ်မှာ နှလုံးရောဂါရှိမှန်း သိတာပါ။ အခု သားလေးရဲ့ကျန်းမာရေးအတွက် အစစရာရာမပူရမပင်ရဘဲ တရုတ်နိုင်ငံသွားပြီး ဆေးကုသခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ ”ဟု ဆိုပါသည်။

-တရုတ်နိုင်ငံသို့ သွားရောက်ဆေးဝါးကုသမည့် ကလေးငယ်များနှင့်မိဘများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံရှိ မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင် ကလေးငယ်များကို တရုတ် နိုင်ငံသို့ အခမဲ့ ခွဲစိတ်ကုသရန် ပို့ဆောင်ပေးသည့် ကူညီဆောင်ရွက်မှုသည် တရုတ်အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ်မှ ဦးစီးကာ စာနယ်ဇင်းလောကုသိုလ်ဖြစ်လုပ်ငန်းဖွံ့ဖြိုးရေးအသင်းက တွဲဖက်ဆောင်ရွက်သည့် ကျန်းမာရေး ကုသိုလ်ဒါန အစီအစဉ် တစ်ရပ်ဖြစ်ကြောင်း ၊ ပြီးခဲ့သောနှစ် ဧပြီလက ပထမအသုတ် အနေဖြင့် ဝေဒနာရှင် ကလေးငယ် ၁၂ ဦး အား ပေကျင်းမြို့ရှိအန်းကျန်းဆေးရုံကြီးသို့ ဆေးကုသရန် ပို့ဆောင်ပေးခဲ့ရာ ၁၀၀ ရာခိုင်နှုန်းအောင်မြင်ခဲ့ကြောင်း၊ ယခုတစ်ကြိမ် သွားရောက်ကုသ မည့် ကလေးငယ် ၁၅ ဦးမှာ အဆိုပါအစီအစဉ်၏ ဒုတိယ အသုတ် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.