Connect with us

Social

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း (CECCM) စတင်ထူထောင်ခြင်း အခမ်းအနား ကျင်းပ


ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) စတင်ထူထောင်ခြင်း အခမ်းအနား ကို စက်တင်ဘာ ၂၈ ရက် ညပိုင်း အချိန် တွင် ရန်ကုန်မြို့ရှိ Pan Pacifice ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် မြန်မာ နိုင်ငံ အစိုးရ သက်ဆိုင်ရာ ဝန်ကြီးများ နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ သံမှူးကြီး မစ္စ လီရှောင်ယန် ၊ စီးပွားရေး သံမှူး မစ္စတာ ရှဲကော်ရှန် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ကုန်သည်စက်မှုလုပ်ငန်းရှင်းများ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ၊ မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်များ အသင်း (CECCM) ဥက္ကဋ္ဌ လျိုယင် (Liu Ying) ၊ မြန်မာ နိုင်ငံ ရှိ စီးပွားရေး လုပ်ငန်းရှင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) စတင်ထူထောင်ခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်များ က မြန်မာ နိုင်ငံ တွင် လာရောက် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ခြင်း မှာ လွန်ခဲ့သည့် ၁၀ နှစ် တာ ကာလ အတွင်း အဆက်မပြတ် တိုးမြင့်လာခဲ့ပြီး တရုတ် နိုင်ငံ လုပ်ငန်းရှင်များ မှလည်း တရားဝင် အဖွဲ့အစည်း တစ်ခု ဖြင့် တရုတ်-မြန်မာ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှု အား တိုးချဲ့ရန် လိုလားခဲ့ကြကြောင်း ၊ CECCM မှ မြန်မာ နိုင်ငံ တွင် တရားဝင် မှတ်ပုံတင်ထားသည့် အဖွဲ့အစည်း တစ်ခု အဖြစ် ထူထောင်နိုင်ခဲ့သည့် အတွက် ဝမ်းမြောက်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ သည် နက်ရှိုင်းသော ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး တည်ရှိကြသည့် နိုင်ငံများ ဖြစ်ကြပြီး နှစ်နိုင်ငံ အနေဖြင့် လက်ရှိချိန် တွင် ခေတ်သစ်ပိုးလမ်းမကြီး အတူတကွ တည်ဆောက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေကြကြောင်း ၊ တရုတ်-မြန်မာ စီးပွားရေး စြင်္က ံ အတူတကွ တည်ဆောက်ရေး ဆိုင်ရာ နားလည်းမှု စာချွန်လွှာ ကို နှစ်နိုင်ငံ မှ အတူတကွ လက်မှတ်ရေးထိုးခဲ့ကြသဖြင့် ခေတ်သစ်ပိုးလမ်းမကြီး အတူတကွ တည်ဆောက်ရေး အတွက် လမ်းပြမြေပုံ ဖြစ်စေခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ အစိုးရ အနေဖြင့်လည်း လတ်တလောရက်ပိုင်း အတွင်း ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး ဆိုင်ရာ ညွှန်ကြားမှု ကော်မတီ ကို ဖွဲ့စည်းခဲ့ကြောင်း ၊ CECCM အနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင် နှင့် အစိုးရ အကြား ဆွေးနွေးညှိနှိုင်းသည့် အရေးပါသည့် ပလက်ဖောင်း တစ်ခု အဖြစ် ဖြစ်တည်စေလိုပြီး တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အား အဆက်မပြတ် အောင်မြင်မှုများ ရရှိအောင် ဆောင်ရွက် စေလိုကြောင်းပြောကြားခဲ့သည်။

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) စတင်ထူထောင်ခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မန်မာ နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် က အမှာစကားပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ တို့မှ သံတမန် ဆက်ဆံရေး တည်ထောင်ခဲ့သည် မှာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီးဖြစ်ကာ နှစ်နိုင်ငံအကြား ကုန်သွယ်မှု မှာလည်း အဆက်မပြတ် တိုးတက်လာခဲ့ကြောင်း ၊ စာရင်းပြုစုချက်များအရ မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား ကုန်သွယ်မှု မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တွင် အမေရိကန် ဒေါ်လာ ၁၁.၈ ဘီလီယံ အထိ ရှိလာခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ တွင် လယ်ယာ စိုက်ပျိုး ထုတ်လုပ်မှု ကို အဓိက ဆောင်ရွက်နေပြီး ကုန်ချော အဖြစ် ပြည်ပ သို့ တင်သွင်း နိုင်ရန် အတွက် တရုတ် နိုင်ငံ လုပ်ငန်းရှင်များ မြန်မာ နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု လာရောက် ပြုလုပ်ရန် ဖိတ်ခေါ်ကြောင်း ၊ လက်ရှိချိန်တွင် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ၌ နည်းဥပဒေ နှင့် အဖွဲ့အစည်းသစ်များ ကို ဆောင်ရွက် ခဲ့သည့် အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံသူများ အတွက် အခွင့်အလမ်းဖြစ်စေမည် ကို ယုံကြည်ကြောင်း ၊ တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး မြန်မာ နိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှု ကိုလည်း အစဉ်တစိုက် ထောက်ခံအားပေးခဲ့ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု မှ မဟာဗျူဟာမြောက် ဆက်ဆံရေး အထိ တက်လှမ်းရန် အတူတကွ ကြိုးပမ်းသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) စတင်ထူထောင်ခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အမှာစကား ပြောကြားရာတွင် CECCM က မြန်မာ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် များစွာ အထောက်အကူ ဖြစ်စေမည် ကို ယုံကြည်ကြောင်း ၊ CECCM အဖွဲ့ဝင် များ အနေဖြင့် မြန်မာ နိုင်ငံ ဒေသအသီးသီး ၌ ရင်းနှီးမြှုပ်နှံမှု များ ပေါင်းစပ်ဆောင်ရွက်သွားမည် ဆိုပါက နှစ်နိုင်ငံ အကြား အောင်မြင်မှု ရလဒ် များ ပိုမို ရရှိစေမည် ကို ယုံကြည်ကြောင်း ၊ CECCM အဖွဲ့ဝင် များ အနေဖြင့် နှစ်နိုင်ငံ အကြား ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု တွင် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ကို အဆက်မပြတ် တိုးတက်စေလိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ကုန်သည်စက်မှုလုပ်ငန်းရှင်းများ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က အမှာစကား ပြောကြားရာတွင် UMFCCI က မြန်မာ နိုင်ငံ ပုဂ္ဂလိက လုပ်ငန်းရှင်များ အား ဦးဆောင်၍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှု တိုးတက်ရေး အတွက် အဖွဲ့အစည်း များ တည်ထောင်ခြင်း ကို ကြိုဆိုကြောင်း ၊ UMFCCI အနေဖြင့် CECCM အဖွဲ့ဝင် များ မြန်မာ နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အတွက် အသက်နိုင်ဆုံး ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ၊ CECCM က နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အတွက် စာမျက်နှာသစ်များ ဖွင့်လှစ်ပေးနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် က အမှာစကားပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်များ အသင်း (CECCM) ဥက္ကဋ္ဌ လျိုယင် (Liu Ying) က အမှာစကား ပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ သည် ဆွေမျိုးပေါက်ဖော် နိုင်ငံ များ ဖြစ်ကြပြီး တရုတ် နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု နှင့် တရုတ်-မြန်မာ စီးပွားရေး စြင်္က ံ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ ရေးထိုးခြင်း တို့ကြောင့် နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မှာလည်း ပိုမို ကျယ်ပြန်လာ ခဲ့ကြောင်း ၊ CECCM အနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သည်များ အကြား ပေါင်းကူးတံတား အဖြစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမို ဖွံ့ဖြိုးတိုးတက်စေရန် အတွက် တွန်းအားပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ကုန်သည်စက်မှုလုပ်ငန်းရှင်းများ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်များ အသင်း (CECCM) ဥက္ကဋ္ဌ လျိုယင် (Liu Ying) က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) စတင်ထူထောင်ခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) စတင်ထူထောင်ခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) စတင်ထူထောင်ခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) စတင်ထူထောင်ခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) က ၂၀၁၇ ခုနှစ် နိုဝင်လာလ တွင် မြန်မာ နိုင်ငံ ၌ တရားဝင် မှတ်ပုံတင် ဖွဲ့စည်း ခဲ့သည့် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး အကျိုးစီးပွား မရှာဖွေသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ CECCM အနေဖြင့် အဖွဲ့ဝင် များအား မြန်မာ နိုင်ငံ ဥပဒေ နှင့် မူဝါဒ ပိုင်းဆိုင်ရာ အချက်အလက် နှင့် အကြံပြုချက် များ ကူညီထောက်ပံ့မှု ကို ဆောင်ရွက်ပေးခဲ့သည်။ လက်ရှိချိန်တွင် CECCM တွင် အဖွဲ့ဝင်ပေါင်း ၂၆၀ ကျော် ရှိခဲ့ပြီး အထည်ချုပ်လုပ်ငန်း ၊ အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေးလုပ်ငန်း ၊ ICT ဆက်သွယ်ရေး လုပ်ငန်း ၊ စိုက်ပျိုးရေး ၊ လျှပ်စစ် ၊ ခရီးသွား နှင့် ဝန်ဆောင်မှု စသည့် ကဏ္ဍ အသီးသီး မှ အဖွဲ့ဝင်များ ပါဝင်ကြကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.