Social
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများအား ပေးအပ်လှူဒါန်း

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများအား ပေးအပ် လှူဒါန်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရသိရသည်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန ၁၁ခုသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နှာခေါင်းစည်းများကို အောက်တိုဘာ ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်ထံသို့ နှာခေါင်းစည်း လေးသောင်းခွဲ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ အမေရိကန်ဒေါ်လာ ၇၈,၅၇၂ နှင့်ညီမျှသော Viral Nucleic Acid Extraction Test Kit များနှင့် Viral Transport Kits များအား အောက်တိုဘာ ၂၉ ရက်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း၊ ၎င်းလှူဒါန်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိင်ငံ သံရုံးမှ သံမှူးကြီး Ms.Li Xiaoyan က မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ (Xinhua)