Connect with us

Social

Let’s go to China တရုတ်နိုင်ငံတွင် သွားရောက်ရိုက်ကူးမည်

Let's go to China ရုပ်သံအစီအစဉ် မီဒီယာများအား အသိပေးခြင်းအခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

Let’s go to China အစီအစဉ် အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့အပါအဝင် ၁၅ ရက် ကြာသွားရောက်ရိုက်ကူးမည်ဖြစ်ပြီး၊ ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလမှ စတင်၍ mntv ရုပ်သံလိုင်း နှင့် Channel 9 ရုပ်သံလိုင်းတို့တွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

နန်းမြတ်ဖြိုးသင်းမှလွဲ၍ ကျန်သည့် အဖွဲ့ဝင်များ ဖြစ်သော လွှမ်းပိုင်၊ ဘန်နီဖြိုး၊ ကျော်ထွဋ်ဆွေ ၊ နန်းမြတ်ဖြိုးသင်း ၊ နန်းသူဇာ၊ Bobby Soxer နှင့် ဧည့်သည်သရုပ်ဆောင်များဖြစ်သော အလင်းရောင်၊ ခင်ဝင့်ဝါ၊ဝိုင်းလေးတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

၎င်းအစီအစဉ် နှစ်ခုအား တရုတ်နိုင်ငံတွင် သွားရောက် ရိုက်ကူးမည်ဖြစ်ပြီး ဒီဇင်ဘာလ ၁၅ရက်မှ ၂၇ ရက်နေ့ အထိ ရိုက်ကူးမည်ဖြစ်ကာ ပထမ အစီအစဉ်ပြီးပါက မင်းသွေး ၊ဝိုင်းလေး ၊ ခင်လေးနွယ် ၊ခင်ဝင့်ဝါ တို့နှင့် Travel in China ဆိုသည့် အစီအစဉ် အား ရိုက်ကူးမည်ဖြစ်ကြောင်း Myanmar Media7 မှ ကိုဝေမင်းမောင်က ဆင်ဟွာကို ပြောသည်။ ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ တရုတ်ပြည် မြို့ကြီးလေးမြို့တွင် အစီအစဉ် ၂ခုလုံးအား ဖေဖော်ဝါရီလတွင် MNTV နှင့် Channel 9တို့တွင် ထုတ်လွှင့်မည်ဖြစ်ကြောင်း ၊ အဆိုပါ Let’s go program အားထုတ်လွှင့်ခဲ့သည်မှာ ၄နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင်ခင်ဝင့်ဝါအားတွေ့ရစဉ် (ဆင်ဟွာ)

အဆိုတော်၊ သရုပ်ဆောင် နန်းသူဇာအားတွေ့ရစဉ် (ဆင်ဟွာ)

သရုပ်ဆောင်မင်းသွေးအားတွေ့ရစဉ် (ဆင်ဟွာ)

တေးသံရှင် လွှမ်းပိုင်အားတွေ့ရစဉ် (ဆင်ဟွာ)

နောက်ဆုံး အပိုင်း ဖြစ်သည့် Let´s go to Europe အစီအစဉ်အား လွန်ခဲ့သည့် ၆လက ရိုက်ကူးထားကြောင်း၊ တရုတ်နိုင်ငံအား ရွေးချယ်ရခြင်းသည် အာရှတွင်သာမက ကမ္ဘာမှာ ပါ ဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံ ဖြစ်သည့် အတွက် ရွေးချယ်ရခြင်း ဖြစ်ကြောင်း၊ တရုတ်သံရုံးအနေဖြင့်လည်း ဗီဇာ ကိစ္စနှင့် ခရီးသွား လာရန်ကိစ္စအား ကူညီမှုများ ပြုလုပ်ပေးကြောင်း ဆိုသည်။ ရှန်ဟိုင်း၊ ဟန်ကျိုး ၊ဆူးကျိုး ၊ရန်ကျိုး စသည့်မြို့လေးမြို့တွင် ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။ Embassy of People Republic of China မှ Counsellor Mr.Yan Shouzheng (ရန်စိုးဇန်း) က “တရုတ်-မြန်မာ ချစ်ကြည်ရေး တိုးတက်စေဖို့ရည်ရွယ်ပြီး လုပ်ဖြစ်တာပါ။ အခုသွားမယ့်မြို့တွေက တရုတ်နိုင်ငံ ရဲ့ အရှေ့ဘက် ပင်လယ်ကမ်းရိုးတန်းရှိ မြို့တွေဖြစ်ပါတယ်။ မြန်မာ -တရုတ် ဆက်ဆံရေးက နက်ရှိုင်း လို့ ဒီအစီအစဉ်ကနေတဆင့် တရုတ်နိုင်ငံ ရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို မြင်စေချင်ပါတယ်’’ ဟုပြောသည်။ တေးသံရှင်လွှမ်းပိုင်က “ခရီးစဉ်ထဲက နန်ကျင်းလမ်းကို သဘောကျတယ်။ ညဈေးလိုနေရာမို့ စိတ်ဝင်စားတယ်။ အရင်ခရီးစဉ်တွေထက် ပိုကောင်းမယ်မျှော်လင့်ပါတယ်။’’ ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.