Connect with us

Social

တရုတ်-မြန်မာ အရပ်ဖက်အဖွဲ့အစည်းများ အတူလက်တွဲ၍ မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်ဒေသများသို့ တန်ချိန် ၅ တန် ရှိ ဆေးဝါးပစ္စည်းများ လှူဒါန်း

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းနှင့် ဆန်းကျန့်မြို့ နိုင်ငံတကာ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဖောင်ဒေးရှင်း ပူးတွဲ၍လည်းကောင်း၊ ဆန်းကျန့်မြို့ ယဲ့ချိန်ဟိုင် ဖောင်ဒေးရှင်းနှင့် တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအသင်း (မြန်မာ) တို့နှင့်အတူ လက်တွဲ၍လည်းကောင်း မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်ဒေသများသို့ တန်ချိန် ၅ တန်ရှိ ဆေးဝါးပစ္စည်းများ လွှဲပြောင်းပေးသည့် အခမ်းအနားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဧပြီ ၂၆ ရက်က ကျင်းပခဲ့သည်။
အစောပိုင်းကာလ ငလျင်ဘေး ကူညီကယ်ဆယ်ရေးလှုပ်ရှားမှုများတွင် မြန်မာနိုင်ငံငလျင်ဒဏ်သင့်ဒေသများရှိ ဆေးကုသရေးဌာနများက အရိုးကျိုးခြင်း၊ ထိခိုက်ဒဏ်ရာရရှိ၍ ကူးစက်မှုဖြစ်ခြင်း စသည့် ဒဏ်ရာရရှိသူများအား ကယ်ဆယ်ကုသပေးရန် ဆေးကုသရေးအထောက်အပံ့ပစ္စည်းများ အထူးလိုအပ်သည်ဟု ပြောကြားခဲ့ကြောင်း၊ ထို့အပေါ် တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းနှင့် တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအသင်းတို့သည် ယွမ် ၂.၀၂ သန်း တန်ဖိုးရှိသော ပဋိဇီဝပိုးသတ်ဆေးဝါးပစ္စည်း ၅၀၈ သေတ္တာကို တစ်တပ်တစ်အား စုစည်းခဲ့ကြောင်း သိရသည်။ ထို့နောက် တရုတ်-မြန်မာ အရပ်ဖက်အဖွဲ့အစည်းများ၏ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်မှုဖြင့် Shenzhen Salubris Pharmaceuticals Co., Ltd. နှင့် ညှိနှိုင်းဆောင်ရွက်ကာ ၎င်းသည် အရှိန်မြှင့် ထုတ်လုပ်မှုဖြင့် အရည်အသွေးမီ၊ အရေအတွက်လုံလောက်သည့် လှူဒါန်းမည့်ဆေးဝါးများကို မြန်မာနိုင်ငံသို့ အမြန်ဆုံး ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ ငလျင်ဘေးအလွန် ပြန်လည်တည်ဆောက်ရေးကို လက်လှမ်းမီသမျှ ကူညီအားပေးဆောင်ရွက်သွားမည် ဖြစ်ရာ နေပြည်တော်တွင် ငလျင်ဒဏ်သင့်စာသင်ကျောင်းတစ်ကျောင်းကို ကျောင်းဆောင်တစ်ဆောင် ကူညီတည်ဆောက်ပေးမည် ဖြစ်သလို မန္တလေးအတွက် ဆိုလာလမ်းမီးများ ပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.