CPPCC
တရုတ်နိုင်ငံ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဝမ်းယန်အား ရွေးချယ်

ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)
တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံ (CPPCC) အမျိုးသားကော်မတီ ဥက္ကဋ္ဌအဖြစ် ဝမ်းယန် (Wang Yang) အား မတ်လ ၁၄ ရက် နေ့လည်ပိုင်းက ရွေးချယ်လိုက်ကြောင်း သိရသည်။
ဝမ်းသည် ၁၃ ကြိမ်မြောက် CPPCC အမျိုးသားကော်မတီ ပထမအကြိမ် အစည်းအဝေး၏ လေးကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေး၌ ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ (Xinhua)