Connect with us

CPPCC

တရုတ်နိုင်ငံ၏ နှစ်ပတ်လည် “အစည်းအဝေးကြီးနှစ်ရပ်” အတွက် မီဒီယာစင်တာ ဖွင့်လှစ်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် တရုတ်နိုင်ငံ၏ “အစည်းအဝေးကြီး နှစ်ရပ်” အတွက် မီဒီယာစင်တာမြင်ကွင်းကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
“အစည်းအဝေးကြီး နှစ်ရပ်” ဟု လူသိများသည့် တရုတ်နိုင်ငံ၏ နှစ်ပတ်လည် အစည်းအဝေးကြီးများဖြစ်သော ထိပ်တန်းဥပဒေပြုအဖွဲ့နှင့် နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့အတွက် မီဒီယာစင်တာကို ပေကျင်းမြို့ရှိ မီဒီယာစင်တာဟိုတယ်တွင် ဖေဖော်ဝါရီ ၂၇ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေးနှင့် ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသားကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးတို့ကို မတ် ၅ ရက်နှင့် မတ် ၄ ရက်တို့တွင် အသီးသီးဖွင့်လှစ်မည်ဖြစ်သည်။
ယခုနှစ်၏ အဆိုပါ “အစည်းအဝေးကြီး နှစ်ရပ်” ကို တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်နှင့် ပြည်ပမှ လူ ၁,၀၀၀ ကျော် အပါအဝင် သတင်းထောက် ၃,၀၀၀ ကျော် မှတ်ပုံတင်ထားကြောင်း မီဒီယာစင်တာထံမှ သိရသည်။
ထိုအစည်းအဝေးကြီးနှစ်ရပ်တွင် သတင်းစာရှင်းလင်းပွဲများနှင့် အစီအစဉ်အများအပြားလည်း ကျင်းပမည်ဖြစ်ကာ သတင်းထောက်များ၏ မေးခွန်းများကို အဆင့်မြင့် အစိုးရအရာရှိများက ဖြေကြားမည်ဟု ခန့်မှန်းထားပြီး အဓိက မူဝါဒများနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းညွှန်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် တရုတ်နိုင်ငံ၏ “အစည်းအဝေးကြီး နှစ်ရပ်” အတွက် မီဒီယာစင်တာ၌ မီဒီယာကတ်ထုတ်ယူရန် ပြောကြားနေသော သတင်းထောက်များကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် တရုတ်နိုင်ငံ၏ “အစည်းအဝေးကြီး နှစ်ရပ်” အတွက် မီဒီယာစင်တာ၌ အလုပ်လုပ်ကိုင်နေကြသည့် ဝန်ထမ်းများနှင့် သတင်းထောက်များကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် တရုတ်နိုင်ငံ၏ “အစည်းအဝေးကြီး နှစ်ရပ်” အတွက် မီဒီယာစင်တာမြင်ကွင်းကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(English Version)
Press center for China’s annual “two sessions” opens
BEIJING, Feb. 27 (Xinhua) — A press center for China’s annual sessions of its top legislature and political advisory body, known as the “two sessions,” opened on Friday at the Media Center Hotel in Beijing.
The fourth session of the 14th National People’s Congress and the fourth session of the 14th National Committee of the Chinese People’s Political Consultative Conference will kick off on March 5 and March 4, respectively.
More than 3,000 journalists, including over 1,000 from China’s Hong Kong, Macao, Taiwan, and abroad, have registered to cover this year’s “two sessions,” according to the press center.
A series of press conferences and events will be held, at which senior government officials are expected to answer journalists’ questions and elaborate on major policies and development directions.
Photo 1, 4: This photo taken on Feb. 27, 2026 shows a view of a press center for China’s annual “two sessions” in Beijing, capital of China. (Xinhua/Jin Liwang)
Photo 2: Journalists claim press cards at a press center for China’s annual “two sessions” in Beijing, capital of China, Feb. 27, 2026. (Xinhua/Jin Liwang)
Photo 3: Staff members and journalists work at a press center for China’s annual “two sessions” in Beijing, capital of China, Feb. 27, 2026. (Xinhua/Jin Liwang)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.