Connect with us

NPC

တရုတ်နိုင်ငံက ကမ္ဘာ့အဆင့်မီ သိပ္ပံ-နည်းပညာ ဆန်းသစ်တီထွင်မှုမောင်းနှင်အားများကို တည်ဆောက်မည်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) စတုတ္ထအကြိမ် အစည်းအဝေး၏ အဖွင့်အစည်းအဝေး ကျင်းပနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက သိပ္ပံ-နည်းပညာ ဆန်းသစ်တီထွင်မှုဆိုင်ရာ နိုင်ငံတကာစင်တာ သုံးခု တည်‌‌ဆောက်မည် ဖြစ်ကာ ယင်းစင်တာများအား ကမ္ဘာ့အဆင့်မီ ဆန်းသစ်တီထွင်မှုမောင်းနှင်အားများအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း သုံးသပ်ဆွေးနွေးရန် တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအဖွဲ့ထံ မတ် ၅ ရက်က တင်သွင်းသော အစိုးရလုပ်ငန်းအစီရင်ခံစာအရ သိရသည်။
တရုတ်နိုင်ငံအနေဖြင့် ဉာဏ်ရည်တုနည်းပညာ၊ ကွမ်တမ်နည်းပညာ၊ ဇီဝနည်းပညာနှင့် စွမ်းအင်သစ် စသည့်နယ်ပယ်များ၌ မဟာဗျူဟာမြောက် ဖြန့်ကြက်မှုကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မတ် ၅ ရက်တွင်ပင် တင်သွင်းခဲ့သည့် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) မူကြမ်း၌ ဖော်ပြထားသည်။ (Xinhua)
……………………………………..
(English Version)
China to build world-class sci-tech innovation engines
BEIJING, March 5 (Xinhua) — China will build three international centers for sci-tech innovation and turn them into world-class innovation engines, according to a government work report submitted Thursday to the country’s top legislature for deliberation.
China will implement strategic deployment in fields such as AI, quantum tech, biotechnology and new energy, according to a draft outline of the 15th Five-Year Plan (2026-2030), also submitted Thursday.
Photo: The opening meeting of the fourth session of the 14th National People’s Congress (NPC) is held at the Great Hall of the People in Beijing, capital of China, March 5, 2026. (Xinhua/Gao Jie)