CPPCC
ပြည်လုံးဆိုင်ရာဥပဒေပြုပုဂ္ဂိုလ်များ၊ နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များ ဆွေးနွေးသုံးသပ်မှုနှင့် အဖွဲ့လိုက်ဆွေးနွေးမှုများတွင် တရုတ်နိုင်ငံခေါင်းဆောင်များ တက်ရောက်ဆွေးနွေး
ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များဖြစ်သော လီချန်၊ ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန်နှင့် လီရှီးတို့သည် မတ် ၆ ရက်က ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် (NPC) စတုတ္ထအကြိမ်အစည်းအဝေး ဆွေးနွေးသုံးသပ်ခြင်းနှင့် ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ စတုတ္ထအကြိမ်အစည်း အဖွဲ့လိုက်ဆွေးနွေးပွဲများ၌ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် ဟဲနန်ပြည်နယ်မှ NPC ကိုယ်စားလှယ်များနှင့် နေ့လယ်ပိုင်းက အဖွဲ့လိုက် ဆွေးနွေးသုံးသပ်ပွဲတွင် ပါဝင်တက်ရောက်ခဲ့ပြီး ဟဲနန်ပြည်နယ်အနေဖြင့် နိုင်ငံအလယ်ပိုင်းဒေသနှင့် တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်မှု မောင်းနှင်ရာတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ရန်၊ နှစ်သစ်၌ တက်ကြွသောခြေလှမ်းများ ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။ ဝန်ကြီးချုပ် လီသည် မတ် ၆ ရက် နံနက်ပိုင်းတွင် စီးပွားရေးနှင့် လယ်ယာစိုက်ပျိုးရေး စသည့်ကဏ္ဍများမှ နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များ အဖွဲ့လိုက်ဆွေးနွေးပွဲတွင်လည်း ပါဝင်တက်ရောက်ခဲ့သည်။ ပိုမိုတက်ကြွသော ဘဏ္ဍာရေးမူဝါဒကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ရန်နှင့် သင့်တင်လျောက်ပတ်၍ လိုက်လျောညီထွေဖြစ်သော ငွေကြေးမူဝါဒကို ကျင့်သုံးရန်လည်း လီက အလေးထားပြောကြားခဲ့သည်။
ထို့ပြင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အခြေခံအုတ်မြစ်ချနိုင်ရန် အဓိက အခြေခံအဆောက်အအုံ ကွန်ရက် တည်ဆောက်မှု မြှင့်တင်ရေးနှင့် ထိရောက်သော ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရေး၏ အရေးပါပုံကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260307/bbfa47c871eb4ae4a20f5e6179f43490/c.html
……………………………………..
(English Version)
Chinese leaders join national lawmakers, political advisors in deliberation, discussions
BEIJING, March 6 (Xinhua) — Senior Chinese leaders Li Qiang, Zhao Leji, Wang Huning, Cai Qi, Ding Xuexiang and Li Xi on Friday attended deliberation at the fourth session of the 14th National People’s Congress (NPC) and group discussions at the fourth session of the 14th National Committee of the Chinese People’s Political Consultative Conference (CPPCC).
When joining NPC deputies from Henan Province in a group deliberation in the afternoon, Premier Li Qiang urged the province to take proactive steps in the new year to play a bigger role in driving development of the central region and the whole country.
On Friday morning, the premier took part in a joint group meeting of political advisors from the sectors of economics and agriculture. He emphasized the need to continuously implement a more proactive fiscal policy and apply an appropriately accommodative monetary policy.
He also emphasized the importance of promoting the construction of major infrastructure networks and expanding effective investment to lay a solid foundation for long-term development.
https://english.news.cn/20260307/bbfa47c871eb4ae4a20f5e6179f43490/c.html
Photo: Li Qiang, a member of the Standing Committee of the Political Bureau of the Communist Party of China Central Committee and Chinese premier, joins National People’s Congress (NPC) deputies from Henan Province in a group deliberation at the fourth session of the 14th NPC in Beijing, capital of China, March 6, 2026. (Xinhua/Yin Bogu)
