NPC
တရုတ်နိုင်ငံသည် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများစွာ ဖွင့်ထားပေးကြောင်း ဝန်ကြီးချုပ်ပြောကြား
ပေကျင်း၊ မတ် ၅ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ၎င်း၏ အထွေထွေစက်မှုကဏ္ဍ အား ပြီးပြည့်စုံစွာ ဖွင့်လှစ်ပေးပြီး အခြားသော ကဏ္ဍများတွင်လည်း ပါဝင်ခွင့်အား တိုးမြှင့်ပေးခြင်းဖြင့် ၂၀၁၈ခုနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများစွာ လမ်းဖွင့်ပေးထားကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မတ် ၅ ရက်တွင်ပြောကြားခဲ့သည်။
ပြည်ပရင်းနှီးမြှုပ်နှံသူများသည် တယ်လီကွန်မြူနီကေးရှင်း၊ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ၊ ပညာရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်မှု နှင့် စွမ်းအင်သစ်သုံး မော်တော်ယာဉ်ထုတ်လုပ်မှု ကဲ့သို့ ကဏ္ဍများတွင် ပါဝင်လုပ်ကိုင်ခွင့်များ ပိုမိုရရှိလာမည်ဖြစ်ကြောင်း လီက ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ပထမအကြိမ်အစည်းအဝေးပွဲ၌ အစိုးရ၏လုပ်ငန်းအစီရင်ခံစာ ဖတ်ကြားတင်သွင်းစဉ် ပြောကြားခဲ့သည်။
၎င်းက တရုတ်နှင့် နိုင်ငံခြားဘဏ် နှစ်ခုစလုံးအတွက် ဈေးကွက်ဝင်ရောက်မှု စံပုံစံများကို တူညီစွာပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လီက အစိုးရသည် ရှိပြီးသား လွတ်လပ်စွာကုန်သွယ်ခွင့်ဇုန်များတွင် ဖွံ့ဖြိုးနေပြီဖြစ်သော အလေ့အကျင့်များကို ဖြန့်ဝေသွားပြီး ပွင့်လင်းမြင်သာမှုရှိသော လွတ်လပ်စွာကုန်သွယ်ခွင့်ဆိပ်ကမ်းများကို အကောင်အထည်ဖော်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)